"နင်က Jeon Jungkook မလား"
"ဟုတ်တယ် ဘာလို့လဲ"
ဒီနေ့သူကျောင်းကိုစောရောက်နေတာမလို့ အတန်းထဲမဝင်သေးပဲ လှေကားနားမှာပဲJiminကိုရပ်စောင့်နေတုန်း စီနီယာတို့အတန်းကအစ်မကြီးသုံးယောက်က အနားသို့ရောက်လာကာ မေးသည်...
"လာ လိုက်ခဲ့"
"ဘာလဲ ဘာလို့လာဆွဲခေါ်နေကြတာလဲ လွှတ်နော်"
အသုံးမပြုပဲပစ်ထားသည့်စာသင်ခန်းဟောင်းတစ်ခုထဲကို သူ့ကိုဆွဲခေါ်လာကြသည့်သူတို့... ထိုသုံးယောက်က မိန်းကလေးတွေဖြစ်သော်လည်း ကျောင်းမှာအဖွဲ့လိုက်မိုက်နေသည့် လူဆိုးအဖွဲ့ထဲကမှန်း သူသိသည်...
"အာ့ နာတယ်"
ဖုန်တွေ အမှိုက်တွေပေပွနေသည့်အခန်းထောင့်ကို သူကိုတွန်းလွတ်ပြီး အခန်းတံခါးကိုပိတ်လိုက်ကြသည်...
"ဟား နင်လား ငါတို့ယောင်းလေးနဲ့တွဲနေတယ်ဆိုပြီး
လျှောက်ဖွနေတာ... တန်ရာတန်ရာမမှန်းဘူး...""ဟက် မယုံနိုင်စရာ နင့်လိုဂေးက"
"သူ့ကိုယ်သူ ယောင်းနဲ့အိပ်ခဲ့တယ်ဆိုပြီး
မဟုတ်တဲ့သတင်းတွေနဲ့ ယောင်းကိုနာမည်ဖျက်နေတာ"Jungkook လဲနေရာမှထကာ သူ့ရှေ့ကသုံးယောက်ကို ခပ်မာမာပြန်ကြည့်ပေးလိုက်သည်... သူနဲ့စီနီယာ့ကိစ္စကို ဘယ်လိုသိသွားကြတာလဲ... ထိုနေ့ကကန်တင်းမှာ သူနဲ့Jiminဘေးမှာ တစ်ယောက်ယောက်ရှိနေခဲ့တာလား...
"အောင်မာ အကြည့်က... မလောက်လေးမလောက်စားကောင်ကများ ငါတို့ကိုမခန့်တာပဲ ဟက်"
"နင်ဒီလိုတွေလုပ်နေတာကိုရပ်တန်းကမရပ်ရင် ငါတို့အဆိုးမဆိုနဲ့နော်"
သည်းခံနေသည့်ကြား မခံချင်စိတ်တို့က တိုးထွက်လာပြီး Jungkookလက်သီးကိုတင်းတင်းဆုပ်ကာထားမိသည်... သူနဲ့စီနီယာတွဲနေကြတယ်ဆိုတာ အလိမ်အညာမှာမဟုတ်ပဲ...
"ဟုတ်တယ် ကျွန်တော်နဲ့စီနီယာTaehyung တွဲနေကြတယ်... အဲ့ဒါအစ်မတို့အတွက်ဘာများနစ်နာသွားလို့လဲ"
"အော်ဟော့ စောက်ကလေးက အသည်းကောင်းလို့ပွဲတောင်းနေတာပဲ... သူငယ်ချင်းတို့ ငါတို့ရဲ့လက်ဆလေးကိုပြပေးလိုက်ကြအောင်"