"ဖိုးဖိုး"
"ဖိုးဖိုး"
"ဖိုးဖိုး မျက်လုံးဖွင့်ပါဦး"
"ဖိုးဖိုး သားတို့ရောက်လာပြီလေ"
ဖိုးဖိုးရှိရာ VIP roomထဲသို့ Seokjinနှင့်Jungkook အသည်းအသန်ပြေးလာချိန်တွင် ဆေးရုံခုတင်ပေါ်မှာ ငြိမ်သက်နေသည့် ဖိုးဖိုး...
ကူးကူးရော သူပါအလွန်အမင်းလန့်သွားပြီး အထိတ်တလန့်အော်ခေါ်တော့ ဖေဖေတို့ပါအခန်းထဲရောက်လာကြသည်...
"Seokjin သားဖိုးဖိုးက ခုနကမှအခြေအနေနည်းနည်းပြန်ငြိမ်သွားတာ... ဆရာဝန်ကအသက်ကယ်ဆေးထိုးပေးသွားတယ်... ခဏတော့မှိန်းနေမယ်ထင်တယ်"
ဖေဖေက သူတို့အနားသို့ရောက်လာကာ ပခုံးကိုလက်နှင့်ပုတ်ရင်း ဖြေသိမ့်စကားပြောသည်... Jungkook ပါပါးမှာလည်း မျက်နှာမကောင်းလှ...
"မြေးတို့..."
"ဖိုးဖိုး~ ဖိုးဖိုး သက်သာလား ဘယ်လိုနေသေးလဲဟင်"
Jungkook တစ်ယောက် အဖိုးဖြစ်သူ၏ ခေါ်သံယဲ့ယဲ့ကြောင့် အနားတိုးသွားကာ စိုးရိမ်စွာမေးလိုက်သည်...
အောက်ဆီဂျင်ပိုက်အပြင် ရင်ဘတ်ပေါ်မှာတပ်ဆင်ထားသည့် ကြိုးပေါင်းစုံက ရှုပ်ယှက်ခတ်နေပြီး စက်ကိရိယာပေါင်းစုံနှင့်ဖိုးဖိုးကိုကြည့်ကာ သူပင်အသက်ရှုရပ်မတက်..."ဖိုးဖိုးနေလို့သက်သာရဲ့လား"
Seokjinပါ ကူးကူးအနားလိုက်သွားပြီး ဖိုးဖိုးကိုကြည့်ရသည်...
"သားတို့ ဖိုးဖိုးအနားနေပေးလိုက်ကြဦးနော်
ပါပါးတို့အပြင်မှာ စကားခဏပြောလိုက်ဦးမယ်""ဟုတ် ပါး"
Jungkook ပါပါးစကားကို Seokjinကသာအဖြေပြန်ပေးရင်း ဖိုးဖိုးခုတင်ဘေးတွင် ဝင်ထိုင်လိုက်သည်...
-
-"ဟူး အရေးပေါ်ဖြစ်သွားတော့ စိတ်ပူလိုက်ရတာဗျာ"
Mr.Kim၏စကားသံ...
"ဟုတ်တယ်ဗျာ ကလေးတွေကလည်း သူ့စကားနားမထောင်တော့ အခြေအနေကပိုဆိုးလာပုံပဲ"
Mr.Jeon၏ထောက်ခံမှု...
"ဘယ်လိုပဲဖြစ်ဖြစ် လက်ထပ်ဖို့ကတော့မဖြစ်နိုင်ဘူးနော်... သားသားကအခုမှဘယ်အရွယ်မလို့လဲ ကလေးတွေရဲ့အနာဂတ် အထူးသဖြင့် ကူးကူးရဲ့အနာဂတ်ကိုလည်းထည့်စဉ်းစားပေးကြပါဦး"