Two

534 86 15
                                    

"ဟယ်လို... ဘာကိုဘယ်သူပါလဲတုန်း...
မင်းပါပါး Kim Seokjin ကွ"

"................"

"အေး ငါပြန်ရောက်နေပြီ... အခုကျောင်းရှေ့မှာ...
Namjoon ကိုခေါ်ခဲ့ဦး.... Wow! Yoongi ah ...
ငါတို့မေဂျာက Junior လေးတွေ ဒီလောက်ချောမှန်းသိရင် ငါdiploma ကို ဆွစ်ဇာလန်ထိသွားမယူပါဘူးကွာ"

"Senior Kim... မင်္ဂလာပါ"

Yoongi နဲ့ဖုန်းပြောနေရင်း ရှေ့ကဖြတ်သွားသည့် Junior မလေးများမှ နှုတ်ဆက်သဖြင့် Kim Seokjin မျက်နှာမှာ မှိုရသလို...

"ဪ... မင်္ဂလာပါ ကလေးတို့"

Junior လေးများကို ပြန်လည်အသိအမှတ်ပြုရင်း Min Yoongi ကိုစကားဆက်ရသည်...

"အတန်းပြီးရင်ထွက်ခဲ့ ဟေ့ကောင်
ငါစောင့်နေမယ်... ဒါပဲ"

Namjoon နဲ့ Yoongi ကိုစောင့်ရင်း Seokjinကျောင်းရှေ့မှာပင်အချိန်ဖြုန်းနေလိုက်သည်... ဖြတ်သွားဖြတ်လာ Junior ပေါက်စလေးများကို မျက်စိအစာကျွေးရင်း နှုတ်ဆက်ပြုံးပြရင်း အဆင်ပြေနေသည်...

Junior လေးများသည် တစ်မိုးအောက် Kim Seokjinကို မသိမသာဖြင့်တစ်မျိုး သိသိသာသာဖြင့်တစ်ဖုံ ဝင်ရောချင်ကြသည်... သူကဘယ်သူမလို့လဲ...

Seoulမှာကျောင်းတက်ခဲ့စဉ်က တစ်ကျောင်းလုံးရဲ့ the whole kingဖြစ်ရုံသာမက တခြားကျောင်းတွေအထိပါ Kim Seokjin၏ visual ကကျော်ကြားခဲ့သည်လေ... နားလည်လွယ်အောင်ပြောရရင် Worldwide Handsome Kim Seokjinဆိုပြီး နာမည်ကြီးခဲ့တာ...

"ရား... Kim Seokjin... သားကြီး
အဖေလာတာတောင်မမြင်နိုင်ပဲ ငမ်းကြောထလှချည်လား"

အ​နောက်ကနေ အသံပြဲကြီးနှင့်အော်ကာ ပခုံးကိုပြေးဖက်လာသူနှစ်ယောက်ကြောင့် Seokjinကိုယ်လေးမှာ ရှေ့ကိုယိုင်ကနဲ...

Namjoon နှင့် Yoongi ကြားတွင်ညှပ်သာမနေရင် သေချာပေါက်ရှေ့သွားကျိုးမဲ့ကိန်းပင်...

"ဖြည်းဖြည်းလုပ်ပါဟ...
အတန်းပြီးခဲ့ပြီလား"

"ပြီးခဲ့ပြီ... ဝှါးးးး Kim Seokjin ...
နိုင်ငံခြားပြန်ကြီးဖြစ်လာတော့ ပိုသန့်လာပါ့ရော"

"နေပါဦး... စာမေးပွဲရက်က မင်းတို့ဆွစ်ဇာလန်မှာ ငါတို့ထက်ပိုစောတာသိပေမဲ့ ဘာလို့ချက်ချင်းကြီးပြန်လာရတာလဲ... မင်းပြောတော့ ဆက်နေဖြစ်ဦးမှာဆို... ဘာလဲ အိမ်မှာကိစ္စတစ်ခုခုရှိလို့လား..."

Husband - to - beWhere stories live. Discover now