"ဝင်ခဲ့လေ... လွတ်လွတ်လပ်လပ်နေနော်
ကိုယ့်ကိုအားမနာနဲ့"စီနီယာTaehyungနေထိုင်သည့် Condoသို့ရောက်ချိန်တွင် အိမ်ထဲဝင်ဖို့ သူတွန့်ဆုတ်နေမိသည်... ဒါကိုသတိထားမိသည့် စီနီယာက သူ့ကိုသက်သောင့်သက်သာနေရန်ပြောလာသည်...
"ဟို လူကြီးတွေရော"
အိမ်ထဲကိုအကြည့်တို့ကစားရင်း မဝံမရဲဖြင့်မေးမိတော့...
"အာ... ကိုယ်ကတစ်ယောက်ထဲနေတာ
Daddy တို့က ဩစီမှာလေ... ဒီနဲ့ဟိုကို သွားလိုက်လာလိုက်ပဲလုပ်ကြတာမလို့ အိမ်မှာကိုယ်တစ်ယောက်ထဲရှိတာများတယ်""ဗျာ"
"အွန်း အဲ့တာကြောင့်မလို့ လွတ်လွတ်လပ်လပ်နေလို့ပြောတာ... ကြားလားအကောင်ပေါက်"
နှာခေါင်းလုံးလုံးကို အသည်းယားဟန်ဖြင့်မနာအောင်ဆွဲလာသည့် စီနီယာကြောင့် Jungkook မှာ ရင်ခုန်သံတွေပင်မမှန်တော့... ရုတ်တရက်ကြီး ကြိတ်သဘောကျခဲ့ရသည့်crush နဲ့ တစ်ညလုံးနှစ်ယောက်ထဲအတူရှိရမည့်အဖြစ်က သူရင်ခုန်ဖို့လုံလောက်တယ်မလား...
"ညာဖက်အခန်းမှာ ဒီညအိပ်လိုက်နော်
လဲစရာအဝတ်ရောပါလား... မပါရင်ကိုယ့်စီကယူ
ကိုယ့်အခန်းက လျှောက်လမ်းအဆုံးကအခန်း""ပါတယ် စီနီယာ... ပြီးတော့ ကျေးဇူး~ ကျေးဇူးတင်ပါတယ်"
စီနီယာပြပေးသည့်အခန်းထဲသို့ သူဝင်လာခဲ့ပြီး ပါလာသည့်ကျောပိုးအိတ်ကိုအသာချကာ ညအိပ်ဝတ်စုံလဲလိုက်ပြီးနောက် မွေ့ယာထူထူပေါ်သို့ပြေးကာတက်လိုက်သည်...
"ဝါးးး အိပ်လို့ကောင်းလိုက်တာ"
နှစ်ယောက်အိပ်မွေ့ယာအကျယ်ကြီးက အိစက်ညက်ညောနေပြီး အခန်းတွင်းလေထုကအစ အနံ့သင်းသင်းလေး...
ဂွီ...
တစ်ညနေလုံးဘာမှမစားခဲ့ရသေးတာကြောင့် အစာအိမ်ကဆန္ဒပြနေပြီဖြစ်သော်လည်း ပိကျလာသောမျက်ခွံတို့ကို Jungkook မလွန်ဆန်နိုင်တော့...
မကြာမှီအချိန်တွင်းမှာပင် အသက်ရှုသံမှန်မှန်နှင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည့်ကောင်လေးသည် ဒီနေ့ညဟာ မင်္ဂလာဦးညဆိုတာကိုပင် သတိမထားနိုင်ခဲ့ပါ...