ကိုယ်တွေပူကျစ်လို့ အဖျားတွေတက်ကာ သတိလစ်နေတဲ့ Taehyung ဘေးတညလုံး မအိပ်ပဲကိုယ်ပူကျအောင်ရေပက်ဝတ်ကပ်ကာ သတိရလာတာကိုထိုင်စောင့်နေတဲ့ Jungkook..
ဒါကိုသတိလစ်နေတဲ့ကောင်လေးကတော့သိမည်မထင်..ပါးပြင်ပေါ် ခြောက်လို့နေပြီဖြစ်တဲ့ မျက် ရည် စီးကြောင်းလေးတွေက မီးအလင်းရောင်ကြောင့် ငွေရောင်တလက်လက်..ထိုမျက်ရည်စီးကြောင်းလေးတွေကို ရေပတ်ဝတ်လေးနဲ့သုတ်ပေးကာ.
Jungkook pov : မင်းကို ပိုင်ဆိုင်ချင်ယုံသက်သက် ပိုင်ဆိုင်ချင်ခဲ့တာ ခုလိုအရမ်းချစ်မိသွားမယ်လို့မထင်ခဲ့ဘူး ကလေးရယ်
မနက်လင်းခါမှ လှုပ်စိလှုပ်စိနဲ့သတိပြန်ရလာတဲ့ Taehyung..သူသတိရတော့ စိတ်ပူစွာ သူ့ရဲ့လက်ကလေးကိုကိုင်လို့ သက်သာရဲ့လားလို့မေးနေတဲ့ Jungkook သူကိုင်ထားတဲ့ လက်ကို အတင်းဆွဲဖြုတ်ကာ ပြန်ရလိုက်တဲ့စကားက..
" ကျွန်တော် ကို ကွာရှင်းပေးပါ "
" ကလေး "
ခုမှ အဖျားလေးနည်းနည်းကျကာ သတိရလာတာကို ချက်ချင်းပဲကုတင်ပေါ်ကနေဆင်းကာ အဝတ်ဗီဒိုထဲကနေ လောင်းကုတ်အကျီကိုထုတ်ဝတ်လိုက်သည်..
" ကလေးဘယ်သွားမလို့လည်း "
" ဘယ်သွားသွား "
" ကလေးဖျားနေသေးတယ်"
" သေသွားပါစေ ခင်များနားမနေရရင် ရပြီ "
အခန်းပြင်ထွက်တော့မယ် Taehyung ရဲ့လက်မောင်းကိုလက်ဆွဲထားလိုက်တဲ့ Jungkook..
" မသွားရဘူး ကလေး "
" သွားမှာ သွားမှာ ခင်များနားမှာမနေဘူး သွားမှာ "
Taehyung ဘက်ကထွက်သွားဖို့သာပြင်နေတော့ သူဘက်ကလည်း ဆွဲထားတဲ့လက်ကိုလည်း လွှတ်မပေးအခန်းထဲရုန်းရင်းဆံခက်ဖြစ်ကာ Taehyung ကလည်း အတင်းရုန်းကာ ထွက်သွားဖို့လုပ်ပြန်သည်.
"ခဏလေးပါ ကလေး...ကိုယ်မင်းကိုပြောစရာရှိတယ် "
"ကျွန်တော်ခင်ဗျားနဲ့ပြောစရာမရှိဘူး..."
"ခဏလေးပါပဲ...ခဏဆိုရပါပြီ.."
"ကိုယ်မင်းကို လက်ထပ်ခဲ့တာ ကလေးပြောသလို ချစ်လို့မဟုတ်ဘူး ပိုင်ဆိုင်ချင်လို့ မင်းကို ကိုယ့်အပိုင်ဖြစ်ချင်ယုံသက်သက် လက်ထပ်ခဲ့တာ အဲ့အတွက် ကိုယ်တောင်းပန်ပါတယ် ကလေး "