ကျောင်းပိတ်ရက်ကြောင့် အိမ်ပေါ်ကနေသီချင်းလေးတအေးအေးနဲ့ဆင်းလာတဲ့ Taehyung..
အိမ်ရှေ့ဧည့်ခန်းမှာ ကျောင်းနားရက်ဆိုပေမယ့် အဖေဖြစ်သူရဲ့အလုပ်တွေဝိုင်းလုပ်ရသေးတာကြောင့် laptop နဲ့အလုပ်ရှုပ်နေတဲ့ Jungkook..အိမ်ပေါ်ကဆင်းလာတာနဲ့ထမင်းစားခန်းသို့ဦးတည်ကာသွားပြီး မနက်စာစားရင်လှန်လှောရှာနေတဲ့ Taehyung ကိုအလုပ်လုပ်ရင်းလှန်းကြည့်ကာပြောလိုက်သည်..
" ကလေး ကိုယ်တို့ အမေတို့အိမ်ခဏနေသွားမယ် "
ရေခဲသေတ္တာထဲက စတော်ဘယ်ရီသီးလေးကိုယူကာကိုက်စားရင်းအနားကိုရောက်လာကာမျက်နှာခြင်းဆိုင်ခုံမှာဝင်ထိုက်လိုက်သည်..
" အမေခေါ်လို့လား "
" အင်း အမေက ထမင်းလာစားတဲ့ "
" ဟုတ်ကဲ့ ဒါဆိုအဝတ်အစားသွားလဲတော့မယ် "
...
အလိုက်သိတဲ့ သမက်လေးကတော့ အမေ့အတွက်ဆိုပြီး ပန်းစီးလေးတောင်ဝင်ဝယ်သေးပေမယ့် လိမ္မာတဲ့ သားလိမ္မာလေးကတော့ အိပ်ပြီးပါလာသည်..
Taehyung က အရင်ထဲကလိမ္မာတာမဟုတ် အနေအေးပြီးစာပဲအာရုံစိုက်ကာစကားမပြောပဲနေတာကလွဲလို့ သူမကြိုက်တာသာဆို အမေနဲ့ကရန်တကျက် ကျက်ဖြစ်နေကြ..
အပြင်လူတွေအမြင်မှာဆိုရင်တော့စာကြိုးစားတဲ့သားလိမ္မာလေးလို့ပဲမြင်ကြတာ..Taehyung ဘယ်လောက်ရစ်လည်း ခုဆို Jungkook ကအသိဆုံးဖြစ်မည်.
" ကလေး ရောက်ပြီ "
ကားတံခါးလေးအသင့်ဖွင့်ကာနိုးလိုက်တော့အိပ်ချင်မှုးတူးနဲ့ထကာ မျက်လုံးလေးပွတ်လို့ နေသည်.
" မျက်လုံးလေးအရမ်းမပွတ်နဲ့ မျက်စိနာမယ် "
" အဲ့ပန်းကဘယ်တုန်းကဝယ်လိုက်တာလည်း "
" ကလေးခုဏအိပ်နေတုန်းက အမေကိုလက်ဆောင်ပေးဖို့ဝယ်လိုက်တာ "
" အဲ့တာကြောင့် အမေက သားသားနဲ့ကိုဖြစ်နေတာ "
M " ဟောသားတို့လာပြီ လာသား Jungkook အိမ်ထဲဝင် "
" သားကအပြင်မှာနေခဲ့ရမှာလား "
M " ဒီကလေးနဲ့တော့နော် လာဝင်ခဲ့ "