အိမ်ပေါ်ထပ်ကနေ ကျောင်းသွားရန်လွယ်အိတ်လေးလွယ်လို့ဆင်းလာတဲ့ Taehyung..
Jungkook က Taehyung ကိုမြင်တော့ နှုတ်ဆက်ကာစကားလှမ်းပြောသည်.." ကလေးညကအစောကြီးအိပ်သွားတာလား ကိုယ်ပြန်လာတော့ ကလေးအိပ်နေပြီထင်တယ် "
သူပြောနေတာကိုနားမထောင်ပဲ သူကိုကျော်ကာ ထွက်လို့သွားတဲ့ Taehyung..လက်မောင်းလေးကိုလှမ်းဆွဲကာ တားလိုက်တော့ လက်ကိုခါချလိုက်သည်..
" ကလေး ဘာလို့လည်း "
" ဒီနေ့တလပြည့်ပြီ ဒီမှာစာချုပ် ကျွန်တော် လက်မှတ်ထိုးပြီးပြီ ခင်များလက်မှတ်ထိုးဖို့ပဲကျန်တော့တယ် "
" ကလေး မင်းကိုယ့်အပေါ်နည်းနည်းလေးတောင်မပြောင်းလဲတော့ဘူးလား "
" ကျွန်တော်နဲ့ကွာရှင်းပြီးရင် အဆင်သင့်တွဲမယ့်သူတောင်ရှိနေတဲ့သူက ဒီလိုစကားမျိုးပြောထွက်သေးတယ်ပေါ့ ဟာသပဲ "
" မြင်သွားတာလား ကိုယ်ပြောပြမယ့် အဲ့တာကိုယ်သူငယ်ချင်း ပြီးတော့~ "
" ခင်များသူငယ်ချင်းမကလို့ ကျွန်တော်နဲ့ကွာရှင်းပြီး သူနဲ့လက်ထပ်မယ်ဆိုရင်တောင် ကျွန်တော်စိတ်မဝင်စားတာမလို့ဘာမှမရှင်းပြနဲ့ မကြားချင်ဘူး "
လှည့်ထွက်လာတဲ့ Taehyung.အနောက်ကလှမ်းပြောလိုက်တဲ့ Jungkook..
" ကောင်းပြီ မင်းဖြစ်စေချင်တဲ့အတိုင်း ငါဖြစ်အောင်လုပ်ပေးမယ် "
" ကျေးဇူးပါ သွားခွင့်ပြုပါအုံး "
...
ခုကိစ္စရဲ့ဇာတ်လမ်းအစက ဒီလို.
သူတို့နှစ်ယောက် ခုနောက်ပိုင်း တူတူသွားတူတူပြန်ဖြစ်တဲ့ အထိ Taehyung ဘက်ကတဖြေးဖြေးအလျော့ပေးလာတယ်ပဲဆိုရမယ် အဆင်ပြေစပြုလာပြီလို့ပဲပြောရမလား..ဒါပေမယ့်ဒီနေ့မှာတော့..
နေ့လည်ထမင်းစားချိန်ပြီးလို့ Taehyung နဲ့ Jimin က ကန်တင်းကနေပြန်အလာ ကော်ရစ်တာနဲ့ Jungkook နဲ့စုံဖြစ်သည်.
"ဟိုလေ ကလေး "
" ကျောင်းထဲမှာလေ အဲ့လိုမခေါ်ပါနဲ့ဆို "
"ဘယ်သူမှမရှိပါဘူး ကိုယ်ပြောစရာရှိလို့ "
" ငါရှောင်ပေးရအုံးမလား Taehyung "