နေကောင်းသက်သာသွားတော့ ဆေးရုံကဆင်းကာဒီနေ့ကျောင်းပြန်တက်တဲ့ Taehyung.ဘယ်ချိန်ထဲကနေကျောင်းကိုထွက်သွားလည်းမသိ သူထက်စောအောင်နိုးပြီး မနက်စာထပြင်ပေးတဲ့ Jungkook တောင်မသိလိုက်ကျောင်းချိန်နီးလို့တော်တော်နဲ့မဆင်းလာတော့မှ အခန်းထဲသွားကြည့်တော့မရှိမှပဲသိတော့တယ်..
" ကိုယ့်ကို မတွေ့ချင်လို့အစောကြီးထသွားတာလားကလေးရယ် "
ကားပါးကင်မှာကားကိုရပ်လိုက်ကာ ကျောင်းထဲသို့ဝင်လာတဲ့ ဆရာJeon ကော်ရစ်တာတလျှောက် ကျောင်းသားတွေနှုတ်ဆက်ကြတော့ ပြန်နှုတ်ရင်း သူအခန်းရှိရာလျှောက်လို့လာသည်.
" မဂ်လာပါ ဆရာJeon "
" အင်း မဂ်လာပါ ကလေးတို့ "
တဖက်မှာလည်းသူငယ်ချင်းဖြစ်သူကို ခုထိမျက်နှာမပြချင်သလို မျက်နှာပူသလိုဖြစ်နေကာ ရှောင်ဖယ်ရှောင်ဖယ်လုပ်နေတဲ့ Taehyung..
တိုက်တိုက်ဆိုင်ဆိုင် Jimin နဲ့မျက်နှာခြင်းဆိုင်တွေ့တော့ လာရာလမ်းတိုင်း ပြန်လှည့်ကာလျှောက်လာတော့ အနောက်ကနေအသဲအသန်လိုက်ခေါ်နေတဲ့ Jimin.." ရားး Taehyung မင်းကငါ့ကိုအဲ့လိုမခေါ်တော့ဘူးပေါ့ ဟုတ်လား Taehyung ရာ မင်းစိတ်မင်းပြန်စစ်ပါကွာ ငါတို့ကအနေများလို့ခုလိုဖြစ်သွားတာပါ ရားးး Taehyung ငါတို့အေးဆေးစကားပြောရအောင်ကွာ "
Jimin ကလည်းအနောက်ကလိုက် Taehyung ကလည်းမပြေးယုံတမယ် သွားကာ လမ်းကွေ့တနေရာမှာ Jungkook ရဲ့ ရင်ဘက်နဲ့သူရဲ့မျက်နှာလေးကပ်မိကာဝင်တိုက်တော့သည်..
" ကလေး "
ကျောင်းဆောင်ထဲမှာကလေးလို့ခေါ်လိုက်လို့မျက်နှာလေးပြူးကာမော့ကြည့်လိုက်တဲ့ Taehyung..အနောက်ရောက်လာတဲ့ Jimin. Jungkook ကိုမြင်တော့ဆရာလိုမနှုတ်ဆက်ပဲ ယောက်ဖလို့ခေါ်လိုက်တာကြောင့် Taehyung မှာ ပြူးနေတဲ့ မျက်လုံးပိုပြူးလို့သွားသည်..
" မဂ်လာပါ ယောက်ဖ "
" ရားးးPark Jimin "
" ဘာလည်း မင်းနဲ့ငါကညီကိုတွေ အဲ့တော့ ဆရာ Jeon က မင်းယောက်..."
Jimin စကားမဆုံးခင်မှာပဲ ပါးစပ်ကိုလက်နဲ့ပြေးပိတ်လိုက်ပြီး တခါထဲဆွဲခေါ်သွားတော့သည်..
အခန်းထောင့်နားကျန်ခဲ့တဲ့ Jungkook မှာတော့ သူငယ်ချင်းနှစ်ယောက်ပြန်အဆင်ပြေသွားတာကိုကြည့်ပြီး ပြုံးနေမိသည်..