3💜💜

314 41 0
                                    

''Jeonghan ရယ်ပိန်သွားလိုက်တာ...စိတ်ချပါ..ဒီနေ့ကစပြီးပျော်ရွှင်စေရမယ်လို့ ငါကတိပေးပါတယ်..''

တစ်နှစ်ခန့်သော်

ဒီနေ့နဲ့ဆိုJeonghanသူ့အိမ်ရောက်နေတာတစ်နှစ်ပြည့်ပြီဖြစ်သည် အခုဆိုရင် ကျောင်းလည်းပြီးသွားပြီ ဘွဲလည်းရတော့မည် Jeonghan ကတော့တစ်နေ့တစ်နေ့အလုပ်ပဲရှာနေတော့သည်။ အချိန်တွေကြာလာတာနဲ့အမျှ HngJisooနဲ့YoonJeonghan ဆိုတာဘာလျှို့ဝှက်ချက်မှမရှိတဲ့Bffတွေဖြစ်လာသည်
ဒါပေမယ့် တစ်ခုသောကိစ္စကိုတော့ jisooကလျှို့ဝှက်ထားသည်

''Ya..jisooရား...ငါ..ငါလေ CSလုပ်ငန်းစုမှာ CVဖောင်တင်ထားတာ အောင်သွားပြီ လူတွေ့ဖြေဖို့ပဲကျန်တော့တယ်...Wow..ဒယ်ဘာ့...''

''ဘာ..တကယ်လား...Wow...ဂုဏ်ယူပါတယ်ကွာ နောက်ဆုံးတော့ အဲ့ကုမ္ပဏီကိုဝင်ခွင့်ရပြီပေါ့...''

အားတတ်သရောပြောလာတဲ့jisooကိုပြုံးပြလိုက်ပြီး interviewအတွက်လိုအပ်တာကိုပြင်ဆင်နေရင်းနဲ့ jisooကို မေးလိုက်သည်။

''jisoo..''

''ဟင်..''

''ဒီနေ့သင်တန်းမသွားဘူးလား...''

''သင်တန်း?..အွန်း..မသွားဘူး ဒီနေ့ပိတ်ရက်မို့လို့...ဒါနဲ့ဒီနေ့ဘာစားချင်လဲ..စားချင်တာရှိလား..''

''အဆင်ပြေတာလုပ်လေ..မင်းကြည့်ရတာပင်ပန်းနေသလိုပဲ...''

''အာညီး..ရတယ်..မပင်ပန်းပါဘူး.... ''

ပြုံးပြုံးလေးနဲ့ပြောလာတဲ့jisooကိုကြည့်ပြီး ခေါင်းရမ်းမိသည်။ ဒီရက်ပိုင်း ဒီကောင်အိမ်ပြန်လည်းနောက်ကျသည် ပြန်လာရင်လည်းအရမ်းပင်ပန်းနေသလိုပဲ ပြီးတော့အစောကြီးလဲထသွားတတ်သည် သင်တန်းလို့သာပြောတာ မသိရင်Entတခုရဲ့ပွဲဦးထွက်ခါနီးtrainer တယောက်လိုပဲ....
သူတွေးနေတုန်းရှိသေး jisooဆီPh Callတခုဝင်လာသည် ဟိုဘက်ကဘာပြောလဲမသိ မသွားဘူးလို့ပြောတဲ့လူက ချက်ချင်းလက်ငင်းထွက်သွားသည်

ထွက်သွားတဲ့သူကို ဂရုစိုက်ဖို့မအား သူပြင်ဆင်ရအုံးမည် ဘုရားသခင်ဆီ 'အဆင်ပြေပါစေ'လို့သာဆုတောင်းပြီးထွက်ခဲ့သည် အိမ်ကနေထွက်လာတာအကောင်း လမ်းထဲကထွက်ပြီး Busကားစောင့်ဖို့အတွက် ကားလမ်းကူးဖို့အလုပ်ကားတစ်စင်းနဲ့ဝင်တိုက်မိတော့မလိုဖြစ်သွားသည်....

ကိုယ့်ရဲ့နတ်သားလေး😇😇Where stories live. Discover now