တစ်ပတ်.....
တစ်ပတ်ရှိပြီ ယွန်းငယ်ကအခုထိသတိမရသေးပေ ဒဏ်ရာတွေကကျက်သလောက်ရှိနေပြီ ယွန်းငယ်ကို အခုလိုဖြစ်အောင်လုပ်ခဲ့တဲ့အီဆူဂျင်းကိုလည်း ရှင်းပစ်ပြီးပြီ ဂျီဆူးတို့အဖွဲ့ကလည်း Cbအတွက်ပြင်ဆင်နေသည် ချန်းနီးကလည်းအလုပ်ကိုသေချာလုပ်နိုင်သည် တစ်ပတ်အတွင်းမှာ ပြောင်းလဲသွားတာတွေအများကြီးရှိပေမယ့် မပြောင်းမလဲပဲရှိနေတာက ယွန်းငယ်......
ယွန်းငယ်ကအခုထိမပြောင်းမလဲ ကုတင်ပေါ်မှာအပူပင်မရှိအိပ်ပျော်နေသည် ယွန်းငယ်ကို ကြည့်ရင်း မျက်ရည်တွေဝေ့လာပြီး ရှေ့ကိုလဲမမြင်ရ ခေါင်းကလည်းထိုးကိုက်လာသည် လူကပါမူးလဲချင်သလိုဖြစ်နေသည်
'ဟင့်အင်း ငါလဲလို့မဖြစ်ဘူး ငါလဲသွားရင်ယွန်းငယ်တစ်ယောက်ထဲဖြစ်နေလိမ့်မယ် သူသတိရလာလို့ ငါ့ကိုမတွေ့ရင် စိတ်ကောက်နေလိမ့်မယ် ထိန်းထား..'
ဘယ်လောက်ပဲထိန်းထားထိန်းထား ဘယ်လိုမှထိန်းလို့မရတော့ပေ SeungCheol တစ်ယောက်မေ့လဲတော့သည် မေ့မလဲခင်မြင်လိုက်ရတဲ့မြင်ကွင်း,ကြား လိုက်ရတဲ့အသံက သူ့ကိုစိတ်ချသွားစေသည်
''Cheol..''
''SeungCheol hyg!!!Dr!!Dr!အရှေ့ကကောင်တွေ Drအမြန်ခေါ်...''
''Channine...Cheolဘာဖြစ်တာလဲ..''
''ဟင်..Jeonghan hyg သ..သတိရလာပြီလား...''
''inn Cheol..''
''ခနလောက်ဖယ်ပေးပါဗျ...လူနာကြည့်ဟင်ဆွန်းချောလ်ဟျောင်းဘယ်လိုဖြစ် မင်းတို့ကဘာလုပ်နေတာလဲ သတိမေ့နေတဲ့သူကိုကုတင်ပေါ်တင်လေ..''
Dr.Leeဟောက်လိုက်တော့မှ သူနဲ့အတူပါလာတဲ့ သူနာပြုမလေးတွေလည်း အခုမှသတိဝင်လာပြီးSeungCheolကိုနေရာရွှေ့လိုက်သည် ထိုအချိန်မှာဂျီဟွန်းက ဂျောင်ဟန်ကိုစစ်ဆေးနေသည် ပြီးတော့ချောလ်ကိုဆေးထိုးပေးနေသည်
[ယူနာ:ဆေးရုံဆေးခန်းအကြောင်းသိပ်မသိတာမို့ အဆင်ပြေသလိုလေးရေးထားပါတယ်နော် အဆင်မပြေခဲ့ရင် ယူနာတောင်းပန်ပါတယ်:( ]
''Chanဘာလာလုပ်တာလဲ''
Jeonghan ရဲ့အသံ
''ဟို..ဟို..''