''အင်းးးး..ဟင် ငါဘယ်ရောက်နေတာပါလိမ့်..''
အင်း အဲ လုပ်ပြီးပျင်းကြောဆန့်နေတဲ့ ယွန်းဂျောင်ဟန် ခုမှအိပ်ယာနိုးပြီး ဘေးဘီကိုကြည့်လိုက်တော့ 'အယ်..ဒါငါ့အခန်းမဟုတ်ပါဘူး' ဟုတွေးရင်း မနက်ကအကြောင်းက မှတ်ဉာဏ်ထဲမှာပေါ်လာသည်
''မနက်က ကားပေါ်မှာအိပ်ပျော်သွားတာပဲ ဒါဆိုဒါက Cheolအိမ်ပေါ့..''
''မဟုတ်ရင်ဘယ်သူအိမ်ဖြစ်ရမှာလဲ ယွန်းငယ်..''
''ဗျ..ဗျာ ကျွန်တော်ကို ဘယ်လိုခေါ်လိုက်တာ..''
''ကိုယ် ယွန်းငယ်ကို ပြောစရာရှိတယ်..''
မေးတာက တစ်ခြား ပြန်ဖြေတာက တစ်ခြားဖြစ်နေတဲ့ Cheolကို ကြောင်ကြည့်နေမိသည်
''ဘာပြောမလို့လဲ... ''
''တကယ်တော့ ကိုယ်....ကိုယ်မင်းကိုသဘောကျနေတာကြာပြီ ယွန်းငယ် ကိုယ်တို့တွေ့တာကသိပ်မကြာသေးပေမယ့် ကိုယ်မင်းကိုအရမ်းချစ်တယ် ကိုယ့်မှာမင်းမရှိလို့မဖြစ်တော့ဘူး မင်းက ကိုယ့်ရဲ့မူပိုင်ရှင် ကိုယ့်ရဲ့လမင်း ကိုယ့်ကို အမှောင်ထုထဲကဆွဲထုတ်လာပေးတဲ့ ကိုယ့်ရဲ့အလင်းရောင် ကိုယ့်ရဲ့နတ်သားလေး ''
''Cheol..''
''ယွန်းငယ် ကိုယ့်ကိုပြန်ချစ်ပါလို့ ကိုယ်မပြောပါဘူး ကိုယ် ယွန်းငယ်ကိုချစ်တယ်ဆိုတာကိုသိရင်ရပါပြီ...''
Jeonghan ကိုယ့်ကိုကိုယ် အိမ်မက် မက်နေသလားဟုပြန်မေးနေတယ် Cheolကလေ cheolက ကျွန်တော်ကို ဖွင့်ပြောနေတယ်တဲ့
ဘာလုပ်ရမှန်းမသိ မျက်ရည်တွေဝိုင်းပြီး ကျွန်တော့်ကို ကြည့်နေတာကြောင့် အိမ်ထိခေါ်လာပြီး ရည်းစားစကားပြောသလိုဖြစ်နေပြီ တကယ်ပါ ယွန်းငယ်အပေါ်ထားတဲ့ကျွန်တော့်အချစ်တွေကို ပြန်ချစ်ရမယ်လို့ အတင်းတွန်းအားမပေးချင်တာကြောင့်
''ယွန်းငယ်..ဘာဖြစ်လို့ငိုနေတာလဲ
''ပျော်လို့..''
''ဟမ်?''
''ခများကြီး ကြည့်တာနဲ့မသိဘူးလားလို့!"
"ဟမ် ဘာကို..အွတ်...''
ဆွန်းချောလ်စကားမဆုံးခင် ဂျောင်းဟန်က လှမ်းနမ်းလိုက်တာကြောင့် ခါးလေးကိုပွေ့ပြီး ပြန်နမ်းလိုက်သည်အချိန်အတော်ကြာ နမ်းပြီးသည့်နောက် နှစ်ယောက်စလုံးတွက် အောက်စီဂျင်လိုအပ်တာကြောင့် ဆွန်းချောလ် မလွှတ်ချင်ပဲ လွှတ်လိုက်ရသည် နူတ်ခမ်းချင်းခွာပြီး နောက်ဆုံးအနေနဲ့ နဖူးလေးနဲ့ နှာဖျားလေးကိုနမ်းပြီး မျက်နှာလေးတည့်တည့်ကြည့်ပြီးမေးလိုက်သည်