''ဒီမှာဗျဘာဖြစ်သွားသေး...''
SeungCheolကားဖြင့်တိုက်မိသူကိုကြည့်ပြီး ပြောစရာစကားတွေ လေထဲမှာပျောက်ကုန်ရသည်။ ထိုကောင်လေးမှာ 'နက်မှောင်တဲ့ဆံပင် လှပလွန်းတဲ့မျက်လုံး ဖြောင့်စင်းလွန်းတဲ့နှာတံ ပန်းရောင်သမ်းနေတဲ့နူတ်ခမ်းတစ်စုံ ဖြူဝင်းလွန်းတဲ့အသားရေ ဒီလောက်လှပပြီး ပြီးပြည့်စုံတဲ့လူသားက ဒီကမ္ဘာမှာရှိပါ့မလား ရှိရင်ရော လူဟုတ်ပါ့လား နတ်သားများလား'ဟုတွေးရင်းနဲ့ထိုကောင်လေးကိုအချိန်တော်တော်ကြာသည့်အထိငမ်း..အဲလေ..ငေးမိသွားသည်။ထိုကောင်လေးဘက်ကစကားပြောလာမှအသိဝင်လာသည်။
''ဒီမှာဗျ.... ကျွန်တော့်ကို ဘယ်ချိန်ထိစိုက်ကြည့်နေမှာလဲဗျ..ထူဖို့အစီစဥ်ရောမရှိဘူးလား...''
''အာ...Sorryပါဗျ...အဆင်ပြေရဲ့လား...ဆေးခန်းလိုက်ပို့ပေးရမလား''
ဟုမေးရင်းဆွဲထူလိုက်သည်။
''အော..ပြေတယ်...ပြေတယ် ပြီးတော့ဆေးခန်းလဲလိုက်ပို့မနေနဲ့...ကိုယ့်ကိုကိုယ်သာစိတ်ပူ ဒီလိုပုံစံနဲ့ဆို အစောကြီးဂိသွားနိုင်တယ်...သွားတော့မယ် အင်တာဗျူးနောက်ကျနေလိမ့်မယ်....''
ပြောရင်းနဲ့ထွက်ပြေးသွားသောကောင်လေးကို ဆွန်းချောလ်မျက်စိတစ်ဆုံးလိုက်ကြည့်မိသည်။မြင်ကွင်းထဲကနေပျောက်သွားမှကားထဲပြန်ဝင်လာသည်။ ကားထဲအရောက် ချန်းဆီကြည့်မိတော့ မျက်ရည်ပြည့်နေတဲ့မျက်လုံးနဲ့ သူ့ကိုအသနားခံနေသလို ကြည့်နေတာကြောင့် ဘာလဲဟူသည့်သဘောနှင့်မေးဆတ်ပြလိုက်သည်။ ထိုအခါChanက
''Hyung..ကျွန်တော်တောင်းပန်ပါတယ်.... တဖက်လူဘာဖြစ်သွားသေးလဲ...''
''ဘာမှမဖြစ်ဘူး...ကျေးဇူးပဲChanine...မင်းကြောင့်...ငါ့ဖူးစာရှင်နဲ့ရှာတွေ့သွားတာ...''
''ဗျာ...ဖူး...ဖူးစာရှင် ဟုတ်လား hyg''
''omm ဟုတ်တယ် ကဲမောင်းတော့..နောက်ကျနေမယ်...''
''Nae...''
***********************
YoonJeongHan.....
JHလုပ်ငန်းစုရဲ့ဆက်ခံသူYoonJeonghan
YoonJeongHanဆိုသည်မှာမိန်းကလေးလိုလှပသူတစ်ဦးဖြစ်သည် ထို့ကြောင့်လဲ ဖခင်၏အလိုမကျမှု့ကိုခံရသူတစ်ဦးလည်းဖြစ်သည်။ မိခင်ဖြစ်သူကချစ်သလောက်ဖခင်ဖြစ်သူက မုန်းသည်။