အဝေးပြေးကားလမ်းမတစ်လျှောက် အရှိန်ပြင်းဟုမဆိုသာသော်လည်း ဖြည်းဖြည်းလေးမောင်းနှင်နေတာလည်းမဟုတ်ပေ...။ထိုကားပေါ်မှာတော့ ကားရဲ့ရှေ့ခန်းမှာMr.Choiနဲ့သူ၏ဇနီးဖြစ်သူMrs.Choi
နောက်ခန်းမှာတော့သူတို့၏သားနှင့်သမီးဖြစ်သည့်Choi SeungCheolနဲ့ChoiMinaတို့ဖြစ်သည်။
''သားကြီး..အိပ်ချင်ရင်အိပ်တော့လေ ရောက်တော့မှမေမေနိုးမယ်...''''No..မေမေ..မအိပ်ချင်ဘူး..minaလေးအိပ်ချင်အိပ်လေ...''
''ဟုတ်ကဲ့ ကိုကို...မေမေ..သမီးအိပ်တော့မယ်နော်အ့ဆို...''
''ဟုတ်ပါပြီကွယ်...''
ပြုံးပြီးပြောပြလိုက်တဲ့မေမေ့ကိုSeungcheolကင်မရာဖြင့်ဓာတ်ပုံရိုက်ယူထားလိုက်သည်။ တကယ်တော့ သူအရမ်းအိပ်ချင်နေတာ ဒါပေမယ့်မေမေ ေဖဖေတို့နဲ့အခုလိုစကားပြောပြီးပျော်ရွှင်နေတာအမြဲတမ်းမှမဟုတ်တာ ဖေဖေအိမ်ပြန်နောက်ကျရင်ကျ မကျရင် မေမေကနောက်ကျတတ်သည်။သူတို့မောင်နှမနှစ်ယောက်ထဲမှာမှမေမေကညီမလေးကိုပိုချစ်ပြီးအလိုလိုက်သည်။ သူလည်းညီမလေးလိုမျိုးအချစ်ခံချင်သည်။ဒါပေမယ့်သူဟာအချစ်မခံခဲ့ရပါ...။ SeungCheolကိုချစ်မြတ်နိုးတဲ့လူဆိုလို့ ဖေဖေနဲ့အိမ်တော်ထိန်းအဒေါ်ကြီးပဲရှိသည်...။
**ကလောက်**
ဆိုတဲ့အသံကြောင့်ဆွန်းချောလ်အတွေးထဲကနေရုန်းထွက်လိုက်သည်။ Mr.Choiသည်ကျသွားသောပစ္စည်းကိုအာရုံရောက်နေစဥ် လမ်းဆုံကိုရောက်နေမှန်းသတိမထားမိပဲ ကျသွားသောပစ္စည်းကိုသာလှမ်းကောက်နေသည်။ ထိုအချိန်တစ်ဖက်မှ အရှိန်ပြင်းပြင်းနှင့်မောင်းနှင်လာကုန်တင်ကားက Choiမိသားစုကားလေးကိုဝင်တိုက်သွားသည်။
ကျွီ!!!!!!!!ဒုန်းးးး!!!!
''အားးးးးးးးးဖေဖေ့မေမေ့.......ဟင်း..အိမ်မက်ပဲ...''
ဟုဆိုကာကုတင်ဘေးကနာရီကိုတစ်ချက်လှမ်းတော့မနက်8:30....
အိပ်ယာပေါ်ကထပြီးရေချိုးရန်ရေချိုးခန်းထဲဝင်လိုက်သည်။ ရေချိုးနေရင်းနဲ့အတွေးတွေက ကားမတော်တဆဖြစ်သောအချိန်တွေဆီရောက်သွားသည်။
ထိုနေ့က ကံကောင်းတယ်ပဲပြောရမလား ကံဆိုးတယ်ပဲပြောရမလားမသိ..။ ကားမတော်တဆဖြစ်တဲ့အချိန်ကဝေလီဝေလင်းလေးနာရီငါးနာရီလောက်...။ထိုအချိန်ဖေဖေ့အသိဦးလေးက ဖေဖေတို့ရောက်မလာသေးလို့မျှော်နေရင်းကနေ တစ်ခုခုဖြစ်မှာဆိုးလို့ လာကြိုသည်။