Choi အိမ်တော်ကနေ ထွက်လာပြီးသည့်နောက် ဘယ်ကိုသွားရမှန်းမသိဖြစ်နေသည် သေချာပေါက် ဆွန်းချောလ်က သူ့ကိုစောင့်ကြည့်ဖို့အတွက် လူလွှတ်ထားမယ်ဆိုတာသိပေမယ့်လည်း လိုက်မလာနဲ့လို့လည်း မပြောချင်တာကြောင့် အိမ်ကိုပဲ ပြန်လာခဲ့သည်
အိမ်ကိုရောက်တော့ ဆိုဖာပေါ်မှာထိုင်ပြီး မျက်နှာကို လက်နှင့် ခပ်ကြမ်းကြမ်းပွတ်သပ်လိုက်ပြီး Cheolနဲ့ရန်ဖြစ်လာခဲ့တာကို ပြန်တွေးနေမိသည် ဘယ်လောက်ပဲ သူငယ်ချင်းအရင်းကြီးပဲပြောပြော ကိုယ့်ကောင်လေးကိုတော့ ပြောပြသင့်တယ်မဟုတ်ဘူးလား အခုဟာက တစ်နှစ်ကျော်လောက်ကြီးကို ဖုံးကွယ်ထားတာ စိတ်မဆိုးသင့်ဘူးလား........
တစ်ပတ်ခန့်ကြာသော်
တစ်ပတ်.....ဒီနေ့ဆိုCheolနဲ့တွဲတာ 1နှစ်ပြည့်ပြီဖြစ်သည် ထို့ကြောင့် Cheolနဲ့တွေ့ချင်တာကြောင့် ထွက်လာလိုက်သည် သို့သော်...လမ်းထိပ်အရောက်တွင် လူတစ်စုက သူ့ဆီလျှောက်လာသည်
''မင်းက ယွန်းဂျောင်ဟန် လား''
''ဟုတ်တယ် မင်းတို့ကရော ဘယ်သူလဲ ဘယ်သူလွှတ်လိုက်တာလဲ''
''စကားများလိုက်တာ...ဟျောင့် လုပ်လိုက်တော့...''
ထိုလူ စကားအဆုံး နောက်ကနေလူတယောက်က နှာခေါင်းကိုအဝတ်စနှင့်လာပိတ်သည် ပြီးတော့စိမ်းရွှင်ရွှင်အနံ ထိုအနံရပြီးတဲ့နောက် သူ့ဘဝအမှောင်ဖုံးသွားသည် သတိမလစ်ခင်နောက်ဆုံး ပြောမိသည့်စကားက 'Cheol လာကယ်ပါအုံး..''
''အား!!ကျစ်!!''
နိုးလာတာတဲ့ ခေါင်းကထိုးကိုက်လာသည် နေရာက မရင်းနှီးတဲ့နေရာမို့ လှည့်ပတ်ကြည့်လိုက်တော့ အခန်းရဲ့ထောင့်တစ်နေရာရဲ့ ခုံတစ်လုံးပေါ်တွင် ခြေချိတ်ထိုင်နေတဲ့ ယွန်းအိမ်တော်ရဲ့ သခင်မကြီး တနည်းအားဖြင့် မွေးစားအမေဖြစ်တဲ့အီဆူဂျင်း...
''ဟက်..နိုးလာပြီပဲ...မနိုးသေးရင် ရေနဲ့ပတ်နိုးမလို့..ဟား...''
''ဒါ ဘာလုပ်တာလဲ အီဆူဂျင်း ''
''ငါဘာလုပ်လို့လဲ''
''မင်းငါ့ကိုဘာလို့ဖမ်းလာတာလဲလို့...မင်းနဲ့ငါဘာရန်ငြိုးရှိလို့လဲ...ယွန်းအိမ်တော်ရဲ့ပိုင်ဆိုင်မှု့စာချုပ်ထဲမှာ မင်းစိတ်တိုင်းကျ မင်းနာမည်ကိုပြောင်းပြီးသားလေ''