အခန်း(၇)

6 1 0
                                    

Unicode

သခင်လေးရှစ်ဟွေးက ဒီလိုအချင်းချင်းပြန်စားတတ်တာလား

ကုန်သည်ကြီးလိုင်ဖန်သည် ယနေ့အချိန်အထိ ဇနီးမယားမရှိ တစ်ကိုယ်တည်းရပ်တည်နေရသော်လည်း အချောအလှလေးများမြင်လျှင် ယောကျ်ားတို့၏ဗီဇအရ စိတ်၀င်စားတတ်သည်ပင်။ တစ်နေရာပြီးတစ်နေရာ လှည့်လည်စီးပွားရှာခဲ့ရသောကြောင့် ဒေသပေါင်းစုံက ရေမြေတောတောင်ပထဝီအလှများအပြင် အသက်ဝင်နေသောအလှလေးများကိုလည်း မြင်ဖူးခဲ့သည်။ 

တခါတရံ အမြတ်များပိုလျှံလာသောကြောင့်ဖြစ်စေ၊ စီးပွားရေးအရ အိမ်ဖိတ်ကာထမင်းကျွေးရသည့်အချိန်တွင်ဖြစ်စေ ကုန်သည်ကြီးလိုင်ဖန်သည် ငွေကြေးအကုန်အကျခံပြီး အလှလေးများကိုအိမ်သို့ခေါ်ကာ ပျော်ပါးတတ်သည်။ ထို့ကြောင့် ချွေ့လင်ရှားအနေဖြင့် ကုန်သည်ကြီးအနားတွင်နေလာခဲ့သည့်တလျှောက် ယောကျ်ားမိန်းမမရွေး ချောပေ့လှပေ့လူပေါင်းများစွာကို ကုန်သည်ကြီးနည်းတူမြင်တွေ့ခဲ့ရဖူးသည်။ သို့ထိတိုင် သူမအရှေ့မှ နှစ်ပြည်ထောင်စစ်ခင်းနိုင်လောက်သော ပြိုင်စံရှားအလှမျီုးကိုမမြင်တွေ့ခဲ့ရဖူးပါချေ။ 

ထိုသူမှာ စည်းနှောင်ထားသည့်ဆံပင်မှာလည်း ရွဲ့စောင်းနေပြီး အပေါ်ထက်ဝတ်ရုံမှာလည်း ပုခုံးထက်မှ တစောင်းလျှောကျနေသေးသည်။ နွေရာသီဖြစ်လေရာ အနှီသူ၏ဖွေးဖြူသောအသားအရေမှာ ပန်းရောင်သန်းလောက်သည်အထိ အနည်းငယ်ရဲနေလေသည်။ သည့်အပြင် ထိုသူက ကုန်သည်ရှစ်ဟွေး၏အခန်းထဲမှထွက်လာခြင်းဖြစ်ပေရာ...

သခင်လေးရှစ်ဟွေးက ဒီလိုအချင်းချင်းပြန်စားတတ်တာလား...

လီချိုးကျစ်မှာလည်း မိန်းမပျိုလေး၏အံ့အားသင့်နေရာမှ တဖြည်းဖြည်းနားလည်သဘောပေါက်လာဟန်ဖြင့် အရောင်လဲ့လာသောမျက်လုံးတို့ကိုကြည့်ကာထိတ်ပျာသွားလေ၏။ သူ့ခမျာ ရှင်းပြချင်သော်လည်း အသက်မပြည့်သေးသောကလေးတစ်ယောက်ကို လုံးစေ့ပတ်စေ့ဖြေရှင်းပြရန်မှာလည်း ခက်ခဲနေရပြန်သည်။

ForbiddenWhere stories live. Discover now