အခန်း(၈)

5 1 0
                                    

Unicode

အရှင့်သား

လူတစ်ယောက်သေသည့်အဖြစ်က သူ့အတွက်မဆန်းနေတော့သလိုပင်၊ လီချိုးကျစ်က ထူးထူးခြားခြားတုံ့ပြန်မလာပေ။ ရှစ်ဟွေးလှမ်းကြည့်လိုက်သည့်အခါ မတိုင်ခင်က ဝါးပင်တစ်ပင်လိုဖြောင့်တန်းနေခဲ့သောလီချိုးကျစ်၏ကျောပြင်က မဆိုသလောက်ညွတ်ကျသွားသည်ကို တွေ့လိုက်ရသည်။ လီချိုးကျစ်အကြောင်းကို ရှစ်ဟွေးကအခြားသူများထက်ပိုသိသည်။ အပေါ်ယံတွင် လူတစ်ယောက်အသက်ကို လျစ်လျုရှုထားတတ်ပုံရသော်လည်း လက်တွေ့တွင် သွေးပေရသည့်အဖြစ်ကို ထိုသူလောက်မနှစ်သက်သူထပ်မရှိတော့ပေ။ ရှစ်ဟွေးက သူ့ဘေးမှဖြတ်ကျော်သွားလိုက်သည်။

"သွားရအောင် ခေါင်းဆောင်...ဒီနေ့တော့ ခေါင်းဆောင်အလုပ်ရှုပ်တော့မယ်ထင်တယ်"

သို့သော် လီချိုးကျစ်က သူ့လက်ကိုပြန်ဆွဲထားလေ၏။

"ကျွန်တော်နောက်တခေါက်ထပ်မေးမယ်..ရှစ်စွင်း...ဘာလို့ဒီနေရာမှာရှိနေတာလဲ"

ရှစ်ဟွေး သက်ပြင်းချလိုက်ပြီး လီချိုးကျစ်ဘက်သို့လှည့်လိုက်၏။ စတွေ့တည်းက အသက်မပါခဲ့သည့် မျက်လုံးများက ယခုတော့ အနည်းငယ်မျှပူဆွေးနေသလိုပင်။

"ကျွန်တော်ခုနတည်းကပြောခဲ့တယ်...ကျွန်တော့်ကို အမှန်အတိုင်းသေချာပြောဖို့...ကျောင်းမှာမတော်တဆဖြစ်ပြီးတည်းက ဒီလိုလူနှစ်ယောက်ပြိုင်တူသေရတာမျိုး တခါမှမဖြစ်ခဲ့ဘူး.."

ထို့နောက် လီချိုးကျစ်သည် ယင်ယန်ပုံစံဖော်ထားသော ကျောက်ခင်းပြားကိုငုံ့ကြည့်ရင်း တီးတိုးလေးပြောနေလေ၏။

"ရှစ်စွင်းသိလား...အခုတခေါက်ကိုလည်း ကျွန်တော့်ကိုပဲအတင်းရှင်းခိုင်းကြဦးမှာ..ပြီးတော့ အဲဒီနေ့ကလိုပဲ ကျွန်တော်တစ်ယောက်တည်းရင်ဆိုင်ရမှာ..ကျွန်တော်ကအသားကျနေပါပြီ..ကျွန်တော်က ဒီနေရာမှာရှိနေတော့လည်း တူညီတဲ့တန်ဖိုးတော့ပြန်ပေးရမှာကိုသိပါတယ်...အဲဒါကြောင့် အပြစ်မရှိတဲ့လူတွေကိုဝင်မပါစေချင်ဘူး...ကျွန်တော့်ကြောင့်နဲ့ အပြစ်မဲ့တဲ့လူတွေက ပေးဆပ်နေရပြီး ကွယ်ရာမှာအပြောခံရတာကိုလည်းမလိုချင်ဘူး..အမေတစ်ယောက်တည်းနဲ့တောင်လုံလောက်နေပြီ..ရှစ်ဇွင်းကိုလည်း အဲဒီနေ့ကလို ကျွန်တော်နဲ့ဝေးရာမှာပဲနေစေချင်တယ်..အဲဒါဆိုရင် အနည်းဆုံးတော့ ကျွန်တော်စိတ်သန့်နိုင်တာပေါ့..ဘာလို့ ရှစ်ဇွင်းကနားမလည်နိုင်ရတာလဲ..ဘာလို့ကျွန်တော့်ရဲ့ စေတနာကိုအသိအမှတ်မပြုရတာလဲ..ကျွန်တော့်ကို အမှန်လေးတစ်ခါပြောဖို့တောင် ဘာလို့ခက်ခဲသလိုလုပ်နေတာလဲ"

ForbiddenWhere stories live. Discover now