အခန်း(၁၁)

5 2 0
                                    

Unicode

မင်းဘာလို့အဲဒီကောင်မလေးကို ကာကွယ်ပေးချင်နေတာလဲ

ချွေ့လင်ရှား မွေးဖွားကြီးပြင်းလာသည့်အရပ်မှာ သစ်လုံးတိုင်အနောက်ဘက်ရှိ ကောက်ရိုးများဖြန့်ခင်းထားပါသော အခန်းငယ်တစ်ခန်းပင်။

အပေါ်ဘက်မော့ကြည့်လိုက်လျှင် ပြတင်းပေါက်ငယ်တစ်ပေါက်ရှိပြီး လပြည့်ညများဆိုလျှင် သူမ၏အကြောက်တရားများက အဝေးတွင်ပုန်းအောင်းနေလိမ့်မည်။ အေးစက်မည်းမှောင်သည့်ဆောင်းညများတွင်မူ ကောက်ရိုးမျှင်များအောက်၌ အိပ်တဝက်နိုးတဝက်ဖြင့်မှေးစက်ရင်း ညစာလာကျွေးမည့်သူကိုစောင့်မျှော်နေရတတ်၏။

ချွေ့လင်ရှား၏ ​အမွှေးအမျှင်များက အဖြူရောင်ဖြစ်ပြီး နှင်းမှုန်များသုတ်လိမ်းထားသလိုပင်။ ဝမ်းဗိုက်အောက်ခြေရှိအဖြူရောင်အမွှေးများကမူ ကျောဘက်ခြမ်းရှိအမွှေးများထက် ပိုမိုနူးညံ့သည်။ သခင်များ၏အလိုကျ ဧည့်ခံဖျော်ဖြေပေး၍ ပိုက်ဆံပေါပေါပဲပဲရလာသည့်နေ့များဆိုလျှင် သူမသည် အသားကိုလောက်ငှစွာစားရပြီး သခင်ကလည်းသူမ၏ဝမ်းဗိုက်ကိုပွတ်သပ်ပေးတတ်သည်။ သူမအမှားတစ်ခုလုပ်မိသည့်နေ့များဆိုလျှင် ကြာပွတ်ဖြင့်ရိုက်နှက်ကာ အပြစ်ပေးခံရတတ်ပြီးအစားမစားရပေ။

သူမ၏သခင်က ရပ်ရွာတကာလှည့်ကာ ကပြဖျော်ဖြေသည့်လုပ်ငန်းတစ်ခုကိုလုပ်ကိုင်ခဲ့သည်။
သူ၏လှပသည့်အရောင်အသွေးနှင့် ဖျော်​ဖြေမှုများကြောင့် သခင်နှင့်သူ၏လုပ်ငန်းက တဖြည်းဖြည်းကျယ်ပြန့်လာခဲ့၏။ သူမမည်သည့်အချိန်တည်းက ထိုအဖွဲ့ကိုရောက်ခဲ့မှန်းမမှတ်မိတော့သည့်တိုင် ထိုနေ့ရက်များတွင် ဝလင်ခဲ့သလို ငတ်ပြတ်ခဲ့ရသည့်ရက်များလည်းမရေတွက်နိုင်အောင်ရှိခဲ့သည်။ သူမဘဝတွင် အစားအသောက်ကောင်းကိုစားရပြီး ခိုလှုံစရာအမိုးတစ်ခုရှိလျှင် ပြည့်စုံပြီဟု သဘောပေါက်ခဲ့၍ ထိုနေရာက သူမကို အလှပြအရုပ်တစ်ခုနှယ်သဘောထားနေသည်ကိုပင် ပေကပ်ရင်းဆက်လက်နေထိုင်ခဲ့၏။ သို့ထိတိုင် တစ်ရက်တွင်မူ သူမထိုနေရာမှထွက်ခွာရမည့်အကြောင်းအရင်းဖန်လာခဲ့သည်။

ForbiddenOù les histoires vivent. Découvrez maintenant