အပိုင်း(၃၀)

3 1 0
                                    

Unicode

ကျင့်ကြံခြင်းလောကအတွက်တော့
ကောင်းကင်ဘုံ၏မျက်နှာသာပေးမှုတစ်ရပ်ပင်

ဟူလီအန်းအန်း၏ တောက်ပသောမျက်လုံးလေးများကို မျက်ရည်စတို့က ကာရံထားလေသည်။ မကြာမီ သူမနှုတ်ခမ်းထောင့်မှသွေးများကစီးကျလာကာ လီချိုးကျစ်ခေါင်းပေါ်သို့ တစ်စက်ကျသွားလေ၏။ မြေခွေးပေါက်လေးက တရှုံ့ရှုံ့အနံ့ခံနေရင်း ဟူလီအန်းအန်း၏သွေးကို လျှာနှင့်လျက်ရန်ကြိုးပမ်းလာသည်။

ရှစ်ဟွေးမှာ ဒိတ်ကနဲဖြစ်သွားရ၏။ လီချိုးကျစ်ကယနေ့အချိန်အထိ အသားနှင့်သွေးကို မြည်းစမ်းခဲ့ဖူးသူမဟုတ်။ သွေးအရသာကိုတစ်ကြိမ်သိသွားသည်နှင့် ၎င်းကိုယ်ထဲရှိမိစ္ဆာဓာတ်က ဆာလောင်လာလိမ့်မည်။

ရှစ်ဟွေးက ရှေ့တိုးပြီး လီချိုးကျစ်ကိုခေါ်မည်အပြုမှာပင် ဟူလီအန်းအန်းက ပါးစပ်ထောင့်မှသွေးများကိုသုတ်ပစ်လိုက်ပြီး လီချိုးကျစ်ကို ကြိမ်ခြင်းတောင်းထဲသို့ထည့်ရန် ခါးကိုကိုင်းလိုက်သည်။

ဟူလီအန်းအန်း၏ပုခုံးထက်တွင် မြားတစ်ချောင်းစိုက်ဝင်နေသည်။ ပေါင်မှဒဏ်ရာကြောင့် သူမမှာ ခြေထောက်ပင်ကောင်းကောင်းမထောက်နိုင်တော့ပေ။ လီချိုးကျစ်ကိုချီပြီး ဒူးကိုကွေးလိုက်ချိန်တွင် ဝတ်ရုံစတို့က တဆတ်ဆတ်လှုပ်နေခဲ့သည်။

ယခုအချိန်က အချိန်ကောင်းပင်။

ရှစ်ဟွေးသာ ရှေ့ကိုတစ်လှမ်းတိုးပြီး ဟူလီအန်းအန်းကိုထိလိုက်သည်နှင့် အရာအားလုံးပြီးဆုံးသွားလိမ့်မည်။ သို့ပါသော်လည်း ရှစ်ဟွေးသည် မိန်းကလေးတစ်ယောက်က အံကြိတ်ရင်း မြေခွေးတစ်ကောင်အား ခြင်းတောင်းထဲထည့်နေပုံကို ငေးကြည့်နေမိလေ၏။

လီချိုးကျစ်က သတိရှိနေသေးသည်။ သူ့အား အတင်းအကျပ်ပိတ်လှောင်နေမှန်းသိသည့်အခါ ဟူလီအန်းအန်းလက်ထဲတွင်ရုန်းကန်နေလေ၏။ ဟူလီအန်းအန်းမှာ ကျောပြင်မှဒဏ်ရာရော ပေါင်မှဒဏ်ရာကြောင့်ပါ မေ့မျောလုနီးပါးဖြစ်နေကာ စိတ်ဖိစီးနေရသဖြင့် သူမ၏သခင်လေးအပေါ် ချော့မော့ခယနိုင်ခြင်းမရှိတော့ပေ။

ForbiddenDonde viven las historias. Descúbrelo ahora