အခန်း(၂၄)

5 1 0
                                    

Unicode

ကျွန်တော်ကသန်မာဆုံး" သို့မဟုတ် "ကျွန်တော်ကအတော်ဆုံး

သွေးခွဲစကားက မည်သည့်နေရာရောက်ပါစေ၊ ကောင်းကျိုးမပေးပေ။ သို့ထိတိုင် အသုံးဝင်သည့်နေရာတော့ရှိသည်။

လူတိုင်းတွင် ဖုံးကွယ်ထားသည့် နတ်ဆိုးတစ်ဖက်ရှိသည်။ ၎င်းသည် ကြမ်းတမ်းသည်။ ရိုင်းစိုင်းသည်။ ညစ်ညမ်းပြီး အမြဲတစေ ထိတ်လန့်ကြောက်ရွံ့နေတတ်သည်။ အတ္တကြီးသလို ဝန်တိုစိတ်လည်းကြီးမားသည်။ အဆိုပါအရိပ်မည်းကြီးသည် လူ့ဘဝတလျှောက်လုံး ကပ်ပါးကောင်သဖွယ် လိုက်ပါလာပြီး လူအများစုသည် သေသည်အထိ၎င်းကိုသတိမထားမိလိုက်ကြဘဲ ၎င်း၏ခြယ်လှယ်ရာအတိုင်း လှုပ်ရှားသွားကြရသည်။

ချွေ့ထျန်းကျယ်တွင် ယနေ့အချိန်အထိ တပည့်တပန်းနှင့်နောက်လိုက်များနေရခြင်းမှာ ထိုသူက သူတော်ကောင်းယောင်ဆောင်သည့်နေရာ၌ အင်မတန်ထူးချွန်နေသောကြောင့်ပင်။

ချွေ့ထျန်းကျယ်သည်ကား အသက်အရွယ်ကြီးရင့်နေပြီ။ အသိပညာလည်း မဟာသမုဒ္ဓရာတမျှကျယ်ပြောလှပြီး ဘဝအတက်အကျကိုလည်း ကြုံတွေ့ရပေါင်းများခဲ့ပြီဖြစ်ရာ ငယ်ရွယ်သေးသောကျင့်ကြံသူများနှင့်နှိုင်းယှဥ်လိုက်ပါက ကောင်းကင်နှင့်မြက်ပင်သဖွယ် ခွာခြားနေလိမ့်မည်။ နှမြောဖွယ်ကောင်းလှသည်မှာ အနှီသူသည် မိမိ၏အတွေးအမြင်တိုင်းကို ပြင်ပကမ္ဘာနှင့်စပ်ဆက်ပြီး ကန့်သတ်ချုပ်နှောင်ထားခြင်းပင်။

ပညာရှိအဘိုးအိုမှာ တုံးအရူးနှမ်းသူမဟုတ်ပေ။ ရှစ်ဟွေး၏စကားက သွေးထိုးမှုအပေါ်တွင်ဩဇာတည်နေပြီး ငြင်းဆန်ရခက်သည့်အချက်အလတ်များနှင့်ပြည့်စုံနေသည်။

ချောင်ဝေ့ချုးနှင့်ဖန်စုန့်တို့သည် ချန်အန်းကျောင်းတော်ကို အတူတကွဝင်လာခဲ့ကြပြီး ချွေ့ထျန်းကျယ်၏တပည့်များဖြစ်လာခဲ့ကြ၏။ ဖန်စုန့်သည် အစေခံနောက်လိုက်ကောင်းတစ်ယောက်၏စိတ်နေသဘောထားအတိုင်း နာခံတတ်ပြီး ခိုင်းရာနေစေရာသွားကာ တစ်ဖက်သူကို သံသယကင်းရှင်းစေသည်။ သည့်အတွက်ကြောင့် ဖန်စုန့်သည် သုံးနှစ်တာလုံး ဆရာသခင်၏အရေးပေးမှုကိုခံခဲ့ရသည်။ တဖက်ရှိချောင်ဝေ့ချုးမှာ မျိုးရိုးမြင့်ကုန်သည်အိမ်မှ သခင်လေးအဖြစ်ဖွားမြင်လာခဲ့သည်။ ဆရာသခင်အကြိုက်လိုက်လျောပေးပြီး ပညာဆည်းပူးသည့်တိုင် သခင်စိတ်မပျောက်ခဲ့ပေ။ ဆရာသခင်ပြောသည့်အချို့စကားများကို မေးခွန်းထုတ်တတ်ကာ သူသိထားခဲ့သမျှဖြင့် ပြန်လည်ဆန့်ကျင်တတ်သည်။ လူငယ်လေး၏အသိစိတ်ထဲတွင် သူ၏ဉာဏ်ကြီးမှုကြောင့် ဆရာသခင်က ကျေနပ်အားရပြီးချီးမြှင့်ပေးလိမ့်မည်ဟုထင်ကာ ဂုဏ်ယူနေခဲ့သည်။ လက်တွေ့တွင် အငြင်းသန်သည့်ချွေ့ထျန်းကျယ်အတွက် ယင်းကတနည်းတဖုံ မျက်စိစူးစရာဖြစ်လာစေခဲ့၏။ သွေးနားထင်ရောက်နေသည့်ချောင်ဝေ့ချုးက ၎င်းကို မသိခဲ့ရှာပေ။

ForbiddenNơi câu chuyện tồn tại. Hãy khám phá bây giờ