အခန်း(၂၂)

5 1 0
                                    

Unicode

မြှီးကိုးချောင်းနှင့်မြေခွေးကောင်က တကယ်ကိုလူကြားထဲတွင်နေရန်မသင့်ပေ

ချွေ့လင်ရှားသည်ကား ချန်အန်းကျောင်းတော်မှ ဧည့်သည်နေထိုင်ရာအဆောင်တစ်ခုတွင် နှစ်ရက်တာခန့်စိတ်ကျဥ်းကျပ်ခဲ့ရလေသည်။

အပြစ်မှလွတ်ပြီးသည့်တိုင် ၎င်းတို့ကအိမ်မပြန်ခိုင်းကြသေးဘဲ လိုအပ်သည်ထက်ပိုသည့်ဧည့်ဝတ်ကျေပွန်မှုအပြည့်ဖြင့် သူမကိုဧည့်ခံခဲ့ကြသည်။ ထူးဆန်းသည့်မေးခွန်းများလည်းမေးခဲ့ကြသည့်အပြင် ကျန်းမာရေးကိုပါစစ်ဆေးပေးခဲ့သေး၏။ သူတို့၏တဖက်သက်အယူစွဲကြောင့် နစ်နာခဲ့မှုအတွက်တောင်းပန်သည့်အနေဖြင့် ကုန်သည်ကြီးလိုင်ဖန်အိမ်တွင်ပင် စားရခဲသည့် စားကောင်းသောက်ဖွယ်တို့ကိုပါကျွေးလိုက်ကြသေးသည်။

သူမမှာ နှစ်ရက်တာလုံး မီးဖုတ်ခံထားရသလိုမျက်နှာဖြင့် အောင့်အည်းနေခဲ့ရ၏။ နောက်ဆုံး၌ သူမသည်တရားဝင်အိမ်ပြန်နိုင်ခဲ့ပြီ။ ထောင်မှထွက်လာသည့်နေ့တွင် လူတိုင်းပျော်ရွှင်ကြသည်ဟု သူမကြားခဲ့ရဖူးသည်။ ယနေ့တွင်မူ သူမအမြဲလျှောက်နေကျ ချန်အန်းမြို့၏လမ်းမကျယ်ကြီးမှာ မကြုံစဖူး ထိုင်းမှိုင်းနေသလိုခံစားနေရလေသည်။

သူမမြင်ကွင်းထဲတွင် အရောင်စုံသည့် ပိုးသားပိတ်စများ၊ တောင့်တင်းမြင့်မားသည့်မြင်းများနှင့် အရသာရှိလောက်မည့် မုန့်ပဲသရေစာများပင် မီးခိုးရောင်သန်းနေသလိုပင်။ သူမအားလိုက်ပို့ပေးသည့် လီချိုးကျစ်နှင့်ကျန်သုံးယောက်က အရောင်မဲ့သည့်အဖြူထည်ခေါင်းဆောင်းဝတ်ရုံများကို ဝတ်လာကြသည့်အခါ အဖြူနှင့်အနက်နှစ်ရောင်သာပါသည့် ပန်းချီကားတစ်ချပ်ကိုကြည့်နေရသလို ငြီးငွေ့ဖွယ်ကောင်းလာစေခဲ့သည်။

သူမ လီချိုးကျစ်နှင့်စတွေ့ချိန်တွင် မှတ်မိသလောက် ၎င်းက အနက်နှင့်အနီရောင်ပါသည့်အဝတ်အစားများသာဝတ်တတ်သည်။ သို့သော် ယနေ့တွင်၎င်းက အဖြူရောင်ဝတ်စုံကိုဝတ်ထားလေသည်။ ၎င်း၏ကျောဘက်တွင် ငါးကြင်းတစ်ကောင်ကွေးနေဟန်ပုံစံကို ရွှေချည်ထိုးထားလေ၏။

ForbiddenWhere stories live. Discover now