P - 5(25/Dec)

748 51 11
                                    

🔰 The bum 🔰
Part - 5

မွေးမြူရေးခြံထဲတွင် တစ်နေကုန် ရှိနေသည့် ဗစ်တိုးရီးယားသည် ဖခင်ဖြစ်သူ မစ္စတာရော်ဂျာဆင်းဂါးနှင့်အတူ လာရောက်လေ့လာသည့် တစ်ဖက်မြို့မှ လူကုံထံသူဌေးကြီးတွေအား ဧည့်ခံရင်း ခြံအကြောင်း ရှင်းပြနေရသည်။ ဘမ်က ကရှ်ချူးစံအိမ်ကြီးမှာပဲ ဧည့်သည်တွေကို တည်ခင်းကျွေးမွေးရန် ဝိုင်းကူကြရသလို ထမင်းပြန်လာမစားသည့် ဗစ်ကီကြောင့် သူ့မှာ လိုက်လဲသွားချင်၊သွား၍လဲ မရဖြစ်နေသည်။

ညနေစောင်းလောက်ကျတော့ မြင်းလှည်းတွေ ခြံထဲ ဝင်လာကြကာ မြင်းလှည်းနှစ်စီးပေါ်မှ သူဌေးသုံးယောက် ဆင်းလာကြကာ နှစ်ယောက်ကရှေ့တစ်စီးမှဖြစ်၍ ကျန်တစ်ယောက်မှာ နောက်တစ်စီးက မစ္စတာရော်ဂျာနဲ့အတူ ဆင်းလာသည်။ ဘမ့်အကြည့်တွေက ဗစ်ကီ့ကို ရှာပေမယ့် မတွေ့ပေ။

" ရွှီးးးး!!"

လက်ခေါက်မှုတ်သံနဲ့အတူ စံအိမ်၏ အနောက်ဘက် လွင်ပြင်ဆီလှမ်းကြည့်မိတော့ မြင်းနှစ်ကောင်ယှဥ်လျက်စီးလာကြသည့် ဗစ်ကီနှင့် အခြားအမျိုးသားတစ်ဦးကို တွေ့လိုက်ရ၏။ ခြံဝန်းထဲ ရောက်လာသည်နှင့် ဗစ်ကီသည် မြင်းပေါ်မှဆင်းလိုက်ကာ သူ့ဘက်လှည့်ကြည့်၍.....

" ဘမ်....မြင်းတွေသိမ်းပေးဦးနော်။ "

ဘမ်က ခေါင်းညိတ်ပြရင်း တစ်ဖက်မှ အမျိုးသားကို လှမ်းကြည့်မိ၏။ သူဌေးတစ်ယောက်ပဲ နေပါလိမ့်မည်။

" အိမ်ထဲဝင်မယ်လေ..... "

" ကျွန်မ နောက်မှလိုက်လာခဲ့ပါမယ်။ အရင်သွားနှင့်ပါ။ "

ဗစ်ကီ့ စကားကြောင့် ထိုလူက အိမ်ထဲဝင်သွားသလို အသွင်အပြင်က သူဌေးပီပီ ခပ်မော်မော်ပင်။ သို့ပေမယ့် သူ့ရှေ့ပိတ်ရပ်ကာ မေးလေးဆတ်ပြလာသည့် ဗစ်ကီ့ကြောင့် သူ ကမန်းကတန်းမေးမိသည်။

" အဲ့လူက ဘယ်သူလဲ ဗစ်ကီ။ "

" ဖေဖေ့မိတ်ဆွေပေါ့.....ဘာလို့ဂရုစိုက်နေတာလဲ။ "

ဘမ် မျက်နှာမကောင်းဖြစ်သွား၏။ ဗစ်တိုးရီးယားက ဘမ့်မျက်နှာကို လိုက်ကြည့်ရင်း ပြုံးသည်။

" အဲ့လူက ကြည့်လို့တော့ ကောင်းပါတယ်။ ဒါပေမယ့် ဗစ်ကီက ဘမ့်ကိုပဲ ချစ်တာတော့ ဘမ်သိရမှာပေါ့ လူညံ့ကလေးရဲ့။ "

The bumWhere stories live. Discover now