P - 10( 11/ jan)

741 51 2
                                    

The Bum
Part - 10

မစ္စကရော့ဖဲသည် ကြမ်းတမ်းရိုင်းစိုင်းလှသော သတ္တဝါဆိုး၏ အသွင်သဏ္ဍာန်မျိုးဖြင့် ဘမ့်ကို မြင်လိုက်ရတာမို့ သိပ်ကိုကြောက်ရွံ့တုန်လှုပ်သွားခဲ့သည်။

" မွန်နာရယ်.....မစ္စတာဘမ်ဟာ လူမှဟုတ်ရဲ့လား။ မိန်းမတစ်ယောက်ကို မညှာမတာရိုက်ဖို့ သူလုပ်ရဲတယ်။ ကျွန်မ ကံကောင်းလို့ပါပဲ။ မစ္စဘမ်သာ မရှိရင်လေ ကျွန်မကို သူသတ်မှာ။ "

မစ္စကရော့ဖဲ၏ ကြောက်ကြောက်လန့်လန့် ရေရွတ်မြည်တမ်းသံကို နားထောင်နေသည့် မွန်နာအက်ဘီမှာ မစ္စကရော့ဖဲအတွက် ဆေးသောက်ရန် ပြင်ပေးနေရင်း စိတ်မသက်မသာ ဖြစ်နေမိသည်။

" အနားယူလိုက်ပါ မစ္စကရော့ဖဲ။ တရေးအိပ်လိုက်ရင် ပိုကောင်းမယ်။ "
မွန်နာကမ်းပေးသည့် ဆေးကိုသောက်ရင်းမှ မစ္စကရော့ဖဲသည် အိပ်ယာပေါ်လှဲချလိုက်သည်။ မွန်နာအက်ဘီ ထွက်သွားသည်အထိ သူမ၏မျက်ဝန်းတွေသည် ကြောင်စီစီဖြင့် အိပ်လို့မပျော်နိုင်ပဲ ဖြစ်နေသည်။ သူမသည် ညနေက ရုန်းရင်းဆန်ခတ်အခြေအနေကြောင့် ထိတ်လန့်မှုက မပြယ်သေးသလို စိတ်တွေလဲ မတည်ငြိမ်ပဲ ဖြစ်နေသေးသည်။
ဟိုဘက်ဒီဘက် လူးလိမ့်နေရာမှ သူမစိတ်ထဲ ခင်ပွန်းဖြစ်သူ ဟာလေ၏ ဒိုင်ယာရီကို သတိရသွားသည်။ ထိုစာအုပ်ထဲမှ မစ္စဘမ်ဓာတ်ပုံကို ရခဲ့တာ မဟုတ်လား။ သို့ပေမယ့် ခင်ပွန်းဖြစ်သူ၏ ကိုယ်ရေးကိုယ်တာကို ဝင်စွက်ဖက်သလို ဖြစ်မှာစိုး၍ မဖတ်ခဲ့ပေ။

ယခုမူ စိတ်ဆန္ဒကို ချိုးနှိမ်၍ မရတော့ပေ။ မစ္စကရော့ဖဲသည် ငေါက်ခနဲ ထထိုင်လိုက်သည်။ သိမ်းထားသည့် စာအုပ်ကိုယူ၍ အိပ်ယာပေါ် အကျအန ပြန်ထိုင်ရင်း ပထမဆုံး စာမျက်နှာကို လှန်လိုက်သည်။
ဟာလေကရော့ဖဲ၏ မဖိတ်ခေါ်သော ဧည့်သည်။
ဗစ်တိုးရီးယားဆင်းဂါး။

ယခုက ဆက်၍ ဖော်ပြမည့် အခြေအနေ အကြောင်းအရာတို့သည် ဟာလေကရော့ဖဲ ရေးသားထားသမျှသာ ဖြစ်သည်။

------------
ဗစ်တိုးရီးယားဆင်းဂါး.....။

တောကရောက်လာသော အရိုင်းအစိုင်း သားရဲမလေး။

မျက်လုံးတောက်တောက် ၊ နှုတ်ခမ်းနီထွေးထွေးဖြင့် သတ္တိခဲမလေးသည် ဘာမှအကြောက်အလန့် မရှိတတ်ပါ။ တစ်ခါတစ်ရံ သူမသည် ငေးငေးလေးဖြင့် ကြိတ်ငိုနေတတ်တာလဲ သူမြင်ဖူး၏။

The bumWhere stories live. Discover now