P - 6(26/Dec)

728 52 8
                                    

🔰 The bum 🔰
Part - 6

ဘမ်သည် ဗစ်ကီက ပြန်ဆို၍သာ ပြန်လာခဲ့ရပေမယ့် တကယ်တမ်းက သူ ပြန်လာချင်သည်မဟုတ်။သူ့အတွက် ဗစ်ကီ့ကို အေးအေးဆေးဆေး တွေ့ရသည့်အချိန်ဆို၍ ယခုလို ညဖက်ခိုးတွေ့သည့် အချိန်ကလေးသာ ရှိသည်။ ထိုအချိန်လေးသည် သူ့အတွက် အပျော်ရွှင်ရဆုံး အချိန်ပင်။

သူ့ရင်ခွင်ထဲ ဗစ်ကီ့ကိုယ်လေး တိုးဝင်ဖက်တွယ်လာလျှင် အရာရာပိုင်ဆိုင်သွားသည့် ခံစားချက်ပင်။ တစ်ခါတစ်လေ သူမ မကျေနပ်ခဲ့သမျှ အကြောင်းအရာတချို့ကို ပြောပြရင်း ပါးကလေးကို သူ့ရင်ဘတ်နှင့် လာအပ်ထားသည့်အခါ အရာအားလုံးမှ သူမကို ဖုံးကွယ်ပေးထားလိုက်ချင်၏။

အခုလဲ သူ ဗစ်ကီ့ကို တွေ့ချင်ကာ ဖက်ထားချင်၏။ သူမ ဆေးလူးပေးတာ ခံချင်သည်။ ပေပေတေတေ နေလာသမျှ ဗစ်ကီ ဂရုတစိုက်ဆေးထည့်ပေးသည့်အချိန်ဆို သူ့အသားတွေက နာလွယ်နေပြန်သည်။ သူ သိပ်ကြည်နူး၏။

" ဘမ်....ငါ့သား မင်းတော့ ဒုက္ခပဲ။ "

အဖေ့စကားကို သူနားမလည်ဖြစ်နေစဥ်မှာပင် ကိုယ်စီဝင်လာကြသည့် မစ္စတာရော်ဂျာတို့ကို တွေ့လိုက်ရသည်။ သူ့ကို ဘာလုပ်မလဲဆိုတာ လုံးဝ မသိခဲ့ပေ။

" ဒါ ငါ့သားအတွက်...."

ဘမ် အသဲနာသွား၏။ ဒီလူတွေကို မုန်းတီးခါးသက်သွားသည်။ သူ ဗစ်ကီ့မျက်နှာ​ကလေးအား ဘယ်လို မြင်ရ၊ကြည့်ရပါ့မလဲ။ သူ့မျက်စိတွေ ကန်းကုန်ပြီထင်သည်။

သစ်ပင်၏ အကွယ်တွင် ပုန်းနေသည့် ဗစ်တိုးရီးယား၏ နှလုံးခုန်သံတွေသည် တဒိတ်ဒိတ်ပင် ။ မီးအိမ်ကိုဆွဲ၍ မာမီတို့ ပြန်ထွက်လာတာ မြင်သလို အိမ်မကြီးဘက်သွားသည်အထိ ဘမ့်ဆီမှ နာနာကျင်ကျင် ငြီးငြူနေသံကိုလဲ ကြားနေရသည်။ မာမီတို့ အိမ်ထဲဝင်သွားသည်နှင့် အထဲပြေးဝင်လာခဲ့သလို ကြမ်းပြင်ပေါ် လူးနေသည့် ချစ်သူအား မချိတင်ကဲ ငေးကြည့်မိသည်။

" အင်းဟင်းးးးးးး အာာ......အင်းးးဟင်းးးးးဟင်းးးးး"

ပါးပြင်ပေါ် မျက်ရည်တို့က စီးကျလာရသလို အင့်ခနဲ ရှိုက်မိသွားတော့ ဘမ့်ကိုယ်ကြီးက ဆတ်ခနဲ တုန်သွား၏။

The bumWhere stories live. Discover now