နှစ်တစ်နှစ်ရဲ့ဒီလိုအချိန်ရောက်တိုင်း wonwooမှာ နေ့ရက်တွေကိုမနည်းကျော်ဖြတ်နေရသည်။
သူသည်အတိတ်ကိုဖက်တွယ်တတ်တဲ့လူမျိုးမဟုတ်ပေမယ့် ဘဝရဲ့အရေးကြီးဆုံးအစိတ်ပိုင်းကိုဖယ်ထုတ်ခံလိုက်ရတဲ့အဖြစ်ကိုတော့ လက်မခံနိုင်ခဲ့။ အချိန်တွေတစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးသွားခဲ့ပြီဆိုရင်တောင် သူကတော့အခုထိလက်မခံနိုင်ဆဲပင်။
ဒီနေ့တော့ မနက်ခင်းအတန်းရှိတာမို့ wonwooကကျောင်းသွားဖို့ပြင်လိုက်တယ်။
ထမင်းစားပွဲပေါ်မှာပြင်ပေးထားတဲ့ မနက်စာကိုမြင်ပေမယ့် သူမစားဖြစ်တော့ပါ။ ဖိနပ်စင်နားက သော့ခွက်ထဲမှာရှိနေတဲ့ သူ့ကားသော့ကိုဆွဲယူပြီး ကျောင်းကိုသာဦးတည်လိုက်တော့သည်။
ကျောင်းရောက်တော့ အတန်းစဖို့ မိနစ်20လောက်လိုသေးတာကြောင့် အတန်းထဲလူတော့သိပ်မရှိသေးပေ။
'မင်းအတွက်ကော်ဖီ'
ဘေးမှာဝင်ထိုင်လာသူက seungkwan။
seungkwanက သူကျောင်းလာတိုင်း ကော်ဖီတိုက်နေကျပင်။ ကျောင်းနားက နေရာထိုင်ခင်းကောင်းကောင်းနဲ့ photo zoneလှလှလေးပါရှိပြီး ကျောင်းသားတွေအထိုင်များတာမို့ instaမှာရေပန်းစားတဲ့cafeက seungkwanအပိုင်ဖြစ်သည်။
'ကျေးဇူး'
'ကျေးဇူးအစား ပိုက်ဆံပေးရင် ငါကပိုကျေးဇူးတင်မိမှာပါနော်'
'ကော်ဖီဆိုင်တစ်ခုလုံးပိုင်တဲ့သူက ငါ့ကိုကော်ဖီတခွက်တောင်မသဒ္ဒါဘူးလား'
'မသဒ္ဒါဘူးကွာ'
wonwooနဲ့ seungkwanတို့ ကော်ဖီဖိုးအကြောင်းတွတ်ထိုးနေတုန်း တခြားသူငယ်ချင်းတွေရောက်လာသည်။
ထိုအခါမှပဲ seungkwanက ကော်ဖီဖိုးအကြောင်းစကားရပ်တော့တာပဲဖြစ်သည်။ မရပ်လို့လည်းမရ။ wonwooကိုကျ ကော်ဖီအလကားတိုက်ပြီး သူတို့ကိုတခါမှအလကားမပေးဖူးလို့ သူငယ်ချင်းတအုပ်လုံးက ကော်ဖီအလကားသောက်ရဖို့ ကုန်းဆင်းကြတော့မှာမို့။
wonwooကတပတ်လုံးကျောင်းပျက်ထားပေမယ့် အကြောင်းသိနေတဲ့သူငယ်ချင်းတွေက အလိုက်တသိနဲ့ထုတ်မမေးမလာခဲ့။ သူတို့အတွက် အထူးအဆန်းကိစ္စမဟုတ်တော့တာဖြစ်တဲ့အပြင် wonwooသူငယ်ချင်းအကုန်လုံးက အကန့်အသတ်ဆိုတာဘာလဲသိကြသူတွေဖြစ်သည်။ wonwooဘက်ကထုတ်မပြောချင်သည့်ကိစ္စတွေကို ဘယ်သောအခါမှအတင်းအကျပ်မမေးပြီး ဝင်စွပ်ဖက်တာမျိုးရှိမှာမဟုတ်။ သူတို့ကိုလိုအပ်လျှင်အမြဲအသင့်ရှိပေးကာ wonwooရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ အမြင်အပေါ်မှာလည်း လေးစားကြသည်။