'လာနေပါပြီအချစ်ရယ်။ အိမ်ကမထွက်ခင်မေမေက mingyuနဲ့လေပေးဖြောင့်နေလို့ နည်းနည်းနောက်ကျသွားတာပါ။ အဲ့မှာပဲစောင့်နေလေနော် ဘေဘီရောက်မှအာဘွားပေးမယ် ဟုတ်ပြီလား'
Mingyuကားမောင်းရင်းနဲ့ သက်ပြင်းသာချမိပါတော့သည်။
ဒီနေ့လည်း mingyuက suyeonရဲ့ ဒရိုင်ဘာတာဝန်ကိုထမ်းဆောင်နေရတာပင်။
အထက်တန်းထဲကပေါင်းလာတဲ့သူငယ်ချင်းတွေဖြစ်နေတာကြောင့်သာမဟုတ်ရင် ဒီလူတွေကိုmingyuအဖက်လုပ်နေမှာမဟုတ်။ အခုတော့ သူ့မှာ အတွဲကြားက ပေါင်းကူးတံတားဖြစ်နေရသည်။
ထားပါတော့။ သူများအကျိုးဆောင်ကိုယ့်အကျိုးအောင်တဲ့။ သူ့အလှည့်ကျရင်လည်း suyeonကိုပြန်ဒုက္ခပေးလိုက်တာပေါ့။
အတွေးနဲ့အတူ mingyuရဲ့အာရုံထဲ မျက်မှန်ဝိုင်းလေးတပ်ထားတဲ့ကောင်လေးတစ်ယောက်ရဲ့မျက်နှာက အလျင်စလိုပေါ်လာခဲ့တာမို့ mingyuလန့်ဖြန့်သွားရတော့၏။
မဟုတ်တဲ့အတွေးတွေကြောင့် mingyuစိတ်မလုံစွာဖြင့် ဘေးခုံမှာထိုင်ပြီးဖုန်းပြောနေတဲ့ suyeonကိုမျက်လုံးထောင့်ကနေ ခိုးကြည့်မိလိုက်သည်။
ဒါကြီးက နည်းနည်းတော့မဟုတ်သေးသလိုပဲ။ အဲ့ကလေးက သူ့သူငယ်ချင်းရဲ့ တူလေ!
အဲ့တာကို သူကဘာလို့!?
Kim mingyu မင်းတော့ရူးနေပြီ!!!!!!!!
ဒါပေမဲ့ အဲ့တာကလုံးဝမဖြစ်နိုင်တာလည်းမဟုတ်ပါဘူး။ ပြောရရင်သူလည်းလူပျိုလူလွတ်လေးပဲလေ။
အသက်ကကွာတယ်ဆိုပေမယ့် မဖြစ်နိုင်လောက်တဲ့အနေအထားမဟုတ်ဘူး။ ကြိုးစားရင်အခွင့်ရေးရှိချင်ရှိမှာပေါ့။
အဲ့လိုဆိုရင်တောင် ဟိုကလေးက သူ့ကိုစိတ်ဝင်စားပါ့မလား။
'အထူးအဆန်းပဲ ဒီနေ့တယ်ငြိမ်နေပါလား ကိုယ်တော်ချော'
Mingyuတစ်ယောက်ထဲအတွေးများပြီး ကမ္ဘာပျက်နေတုန်း ဖုန်းပြောပြီးသွားပုံရတဲ့suyeonဆီက စကားသံထွက်လာသည်။
'ဘာ..ဘာကထူးဆန်းလို့လဲ။ ငါပုံမှန်လည်းမငြိမ်လို့လား'
mingyuထိတ်ထိတ်ပြာပြာဖြင့် စကားတွေထစ်ကုန်သည်။