'မင်းတို့ဟာကလည်း ဘယ်လိုကြီးလဲ'
'အေး ငါလည်းမသိဘူး'
wonwooစိတ်ညစ်ညစ်နဲ့ ကိုလာတွေကိုသာဖိသောက်နေသည်။ အရက်တော့ထပ်မထိရဲ။ သူ့အရက်စကေးသူသိပြီးထဲက အရက်ဆိုရင် ဝေးဝေးကပဲရှောင်တော့သည်။ သူ့ရှေ့က ဆိုဂျူတွေတပုလင်းပြီးတပုလင်းထိုင်မော့နေတဲ့ seungkwanကတော့ ခုထိလေသံပင်မပြောင်းသေး။
'မင်းလူကဘာအထာလဲ မူနေတာလားသူက'
'မသိဘူးးးလို့။ မသိလို့မင်းကိုရင်လာဖွင့်နေရတာပေါ့'
အဖြစ်ကဘယ်ကစလဲလို့မေးရင် wonwooတို့ ပန်းနှမ်းခင်းကြည့်ပြီးပြန်လာသည့်အချိန်ကစသည်ဟုဆိုရမည်။ wonwooမှာတော့ ကြွေလောက်တဲ့တော်ကီတွေနဲ့ စပယ်ရှယ်ဖွင့်ပြောလိုက်ပေမယ့် mingyuဆိုတဲ့အဖိုးကြီးက တုံးတာလား ဒူတာလားတော့မသိ။ wonwooရဲ့ ဝန်ခံမှုကို အပြုံးတစ်ခုဖြင့်"အင်း ကိုယ်သိပါပြီ"ဟုသာတုန့်ပြန်ပြီး နောက်ထပ်ဘာစကားတခွန်းမှဟ,မလာခဲ့ပါ။
ဆိုးလ်ပြန်ရောက်တဲ့အထိလည်း ထိုအကြောင်းကိုစကားမစလေရာ wonwooလည်းအောင့်သက်သက်ဖြင့်မသိချင်ယောင်ဆောင်ထားရတော့သည်။ ဒီထက်ထပ်ပြီးသာမြောင်းဖောက်ရရင်လည်း မြောင်းတင်မက ဆည်ပါကျိုးပြီး ပင်လယ်ကြီးဖြစ်သွားတော့မည်လေ။
အလကားအဖိုးကြီး သူ့ဘက်က ဒီလောက်ထိတောင် အရိပ်အမြွက်ပြထားတာကို အလိုက်တသိနဲ့ *ကိုယ်မင်းကိုချစ်တယ်*ဆိုပြီးမပြောဘူး။
'မဟုတ်မှလွဲရော...'
ဒေါသစိတ်ဖြင့်မနိုင်နိုင်ရာမဲပြီး ပါးစပ်ထဲကိုက်ထားတဲ့ ကြက်တောင်ပံလေးသည် အရိုးသာကျန်တော့သည်။
'ဘာကိုမဟုတ်မှလွဲတာလဲ'
'မဟုတ်သေးဘူးလေ ငါပြောချင်တာက မင်းရောမင်းလူရော အချင်းချင်းသဘောကျနေကြတာပဲမဟုတ်ဘူးလား'
'အေးလေ'
'အေး အဲ့တော့ မင်းအဲ့လိုပြောတာကိုသူနားမလည်ပဲတော့မနေဘူး'
'ငါပြောချင်တာလည်းအဲ့တာ'
'ဆိုတော့ အဖြေကနှစ်ခုပဲရှိတယ်။ သူ့ဘက်ကမင်းကိုကစားနေတာနဲ့ မင်းဘက်ကလုံးဝဖွင့်ပြောလာတာမျိုးကိုလိုချင်တာ'