မနက်ခင်းရဲ့နေရောင်သည် ခန်းစီလိုက်ကာရဲ့အဟသေးသေးလေးကြားထဲမှ အတင်းရအောင်ထိုးထွက်ပြီး အခန်းတွင်းသို့ကျူးကျော်လို့နေသည်။
အခန်းထဲမှာတော့ အိပ်မောကျနေဆဲဖြစ်တဲ့ wonwooရှိသည်။ ငြိမ်သက်စွာဖြင့် အိပ်ပျော်နေတဲ့ပုံလေးက ပကတိအေးချမ်းလျက်။
သို့ပေမယ့်လည်း ခေါင်းတခုလုံးနာကျင်ကိုက်ခဲစွာဖြင့် wonwooနိုးလာခဲ့သည်။ ပုံမှန်ဆို သောက်လေ့မရှိတဲ့သူမို့ အရက်နာကျခြင်းဟူသောဖြစ်ရပ်မျိုးက wonwooနဲ့သိပ်တော့ မရင်းနှီးလှ။
အိပ်ရာမှနိုးလာခဲ့ပြီဖြစ်သော်ငြား သူ့တကိုယ်လုံးက အရက်နံ့များဖြင့် လွှမ်းခြုံလို့နေရာ ထိုအနံ့များကြောင့် wonwooအစကနေပြန်ပြီး မူးချင်လာသလိုပင်။
လူဆယ်ယောက်လောက်ဝိုင်းထုထားသလိုခံစားနေရတဲ့ခေါင်းကို wonwooဖိနှိပ်လိုက်ကာ အိပ်ရာထဲကခက်ခက်ခဲခဲနဲ့ထွက်လာပြီးမှ မနေ့ကသူဘယ်လိုအိမ်ပြန်ရောက်လာခဲ့တာလဲဆိုတာကို တွေးမိတော့သည်။
Seungkwanလိုက်ပို့သွားတာလား??
အရက်ဒဏ်ကြောင့် ရင်တွေအင်မတန်ပူနေသည်ဖြစ်ရာ ထိုကိစ္စကိုဘေးခဏချိတ်လို့ ရေခဲသေတ္တာဆီကို အရင်သွားဖို့ပဲ wonwooဆုံးဖြတ်လိုက်၏။
ရေကို ဗူးတဝက်ခန့်မော့သောက်ချလိုက်ပေမယ့် ရင်ပူနေတဲ့ခံစားချက်ကြီးကတော့ ပျောက်မသွားခဲ့။ ထို့အပြင် ဆီးအိမ်ကပါတင်းလာတာမို့ wonwooမှာ သန့်စင်ခန်းကိုပြေးရပြန်တယ်။
အလွန်တရာကိုမူးဝေရင်းနဲ့ပဲ wonwooတစ်ယောက်အိမ်ထဲလှည့်ပတ်နေခဲ့တယ်။ သေချာတာပေါ့ အိမ်ထဲမှာသူတစ်ယောက်ပဲရှိတယ်လို့ထင်နေခဲ့တာလေ။
ရေချိုးချလိုက်ပြီးပေမယ့် အခုထိအမူးမပြေသေးတာမို့ wonwooတစ်ယောက် ခေါင်းရေစိုလျက်သားဖြင့် နေလှန်းခံထားရတဲ့ပြည်ကြီးငါးခြောက်လေးလိုမျိုး ဧည့်ခန်းထဲကဆိုဖာပေါ်ပစ်ဝင်ထိုင်လိုက်သည်။
အရက်သောက်ရတာလည်း နည်းနည်းမှကို ကောင်းမနေပါလား။
မနေ့ညက စိတ်တွေရှုပ်ထွေးလွန်းလှနေသည်မို့ တစ်ခါမှမူးအောင်မသောက်ဖူးတဲ့အရက်တွေကို ရေအမှတ်နဲ့ ဗိုက်ထဲသွန်ချသည့်အကျိုးဆက်ကသိပ်တော့ မကောင်းပါ။ နောက်များ စိတ်ညစ်ရင် အရက်အစား ကိုလာသောက်ဖို့ပဲစဉ်းစားရတော့မည်။