အပိုင်း (၁၄) ဇာတ်သိမ်း

19.1K 156 14
                                    

စကားချပ်။ ဒီတပိုဒ်က sex sceneမဟုတ်ပါဘူးနော်...

*******

တခွက်ပြီးတခွက်ဆင့်သောက်နေတဲ့ကိုနေမျိုးကိုမျိုးဝင်းကထိန်းပြီး 'အကိုရေ...အေးဆေးပေါ့' 'ညီ...ဒီအရက်ကရေလိုပဲနော်' ခွက်ကိုမြှောက်ကြည့်ရင်းပြောနေတဲ့ကိုနေမျိုးက 'အချစ်လည်းအဲလိုပဲ...ရေလိုကြည်ကြည်လင်လင်ရှိပေမယ်ဒီအရက်လိုပဲလူကိုလှည့်စားနေတယ်...ချစ်တယ်လို့ထင်ရတာဟာချစ်ခြင်းတခုမဟုတ်မှန်းသိရရင်ညီဘယ်လိုလုပ်မလဲ' ကိုနေမျိုးစကားတွေဟာဘယ်သူ့ကိုဦးတည်နေမှန်းမသိပေမယ့် မျိုးဝင်းက 'တကယ့်အချစ်မဟုတ်ရင်နောက်ဆုတ်လိုက်ပေါ့အကို...ဒါဆိုနှစ်ယောက်လုံးအတွက်မပင်ပန်းတော့ဘူးပေါ့' 'နောက်ဆုတ်လို့ရရင်အရမ်းကောင်းတာပေါ့ညီရယ်...ညီသိလား...အကို့ဘဝကအချစ်တခုကိုစောစောစီးစီးတွေ့ရှိခဲ့တယ်လို့ထင်နေခဲ့ပေမယ့်တကယ်ကျနောက်ကျခဲ့တာပါ' ထိတ်ခနဲဖြစ်သွားတဲ့ခံစားချက်ကဖုံးဖိမရအောင်ဖြစ်သွားကာ 'အကိုဘာကိုဆိုလိုချင်တာလဲ'။ ခံစားချက်တွေရောပွတ်နေတဲ့မျိုးဝင်းမျက်နှာကိုတချက်ကြည့်ကာ နေမျိုးကပါးတွေကိုဖွဖွလေးဆွဲလိမ်လိုက်တယ်။ 'ညီကဘာလို့ကိုယ့်ဘဝထဲကိုဝင်လာရတာလဲ...မန်းလေးကိုကိုယ့်ဖာသာကိုယ်သွားပါလား...ဘာကြောင့်ကိုသွားတဲ့နေ့မှာမှသွားရတာလဲ...ပြီးတော့ညဘက်ပါတီကိုရောမလာခဲ့လို့မရဘူးလား' ပြောရင်းစားပွဲပေါ်မျက်နှာအပ်ကာ ပခုံးလေးကတရှုံ့ရှုံ့။ ကိုနေမျိုးဆိုလိုချင်တာကိုမျိုးဝင်းသဘောပေါက်လိုက်ပါပြီ။ ကိုနေမျိုးပခုံးကိုတင်းကျပ်စွာကိုင်ရင်း 'ကျတော်တို့ပြန်ရအောင်အကို' မျိုးဝင်းကပိုက်ဆံအိတ်ထဲကငွေကိုထုတ်ပြီးရှင်းလိုက်တယ်။ စားပွဲပေါ်မှောက်နေတဲ့ကိုနေမျိုးကိုကူကာထူလိုက်တော့မျက်ဝန်းထဲကမျက်ရည်တွေကပါးပြင်ပေါ်စီးကျလျက်။ ကိုနေမျိုးစိတ်ညစ်စရာမိသားစုကိစ္စဆိုတာမျိုးဝင်းနဲ့တစုံတခုပတ်သက်နေမှန်းကိုနေမျိုးမပြောလည်းသိသွားပါပြီ။

ဘားအပြင်ကိုရောက်တော့ဒရိုင်ဘာကအပြေးလာပြီးကူတွဲပေးကာကားဆီကိုလျှောက်လာခဲ့ကြတယ်။ 'ဟိုတယ်ကိုမောင်းပေးရမလား..အကိုလေးအိမ်ကိုပဲပို့ပေးရမလားအကို' 'အိမ်ကိုပဲပို့ပေးပါ..သူကတျောက်တည်းနေတာမလား' 'ဟုတ်တယ်အကို..အကိုလေးကတျောက်တည်းနေတာပါ..မိဘတွေကတော့သပ်သပ်စီနေကြတယ်' 'ဟုတ်..အဲဆိုလည်းသူ့ကိုအိမ်မှာထားခဲ့ပြီးမှကျတော့်ကိုဟိုတယ်ပဲလိုက်ပို့ပေးပါ'။ ကိုနေမျိုးအိမ်ကိုသွားတဲ့တလျှောက်လုံးမျိုးဝင်းစိတ်တွေကကစဉ့်ကလျားပြေးကာဆောက်တည်ရာမရဖြစ်နေခဲ့တယ်။ ကိုနေမျိုးကတော့သူ့ပခုံးပေါ်မှီလျက်။ ကားကသုံးထပ်တိုက်ရှေ့တခုမှာရပ်သွားပြီး 'အကိုလေးကဒီတိုက်ခန်းအပေါ်ဆုံးမှာနေတာပါ..ကျတော်ကူပြီးတွဲတင်ပေးမယ်လေ' 'ဟုတ်..အဲလိုဆိုကျေးဇူးပဲ'။ မျိုးဝင်းနဲ့ဒရိုင်ဘာကကိုနေမျိုးကိုတဖက်စီကနေသိုင်းဖက်ကာအခန်းရောက်အောင်ထိကူတွဲလာကြတယ်။ အခန်းရှေ့ရောက်တော့ 'အကို..အခန်းသော့ကဘယ်မှာလဲ...' 'ကျတော်သိပါတယ်အကို'ဆိုကာ ဒရိုင်ဘာကသူ့အိပ်ကပ်ထဲကသော့လို့ထင်ရတဲ့ကဒ်တခုကိုသုံးပြီးအခန်းတံခါးဖွင့်လိုက်တယ်။ အိပ်ခန်းထဲထိဆွဲခေါ်လာပြီးကုတင်ပေါ်တင်လိုက်ကြတယ်။ 'ကျတော်အောက်ကနေပဲစောင့်လိုက်မယ်နော်ဆရာ...ဆရာအဆင်ပြေတဲ့အချိန်ပဲဆင်းလာခဲ့ပါ..ကျတော်ဟိုတယ်ကိုပြန်ပို့ပေးပါမယ်' မျိုးဝင်းခေါင်းတချက်ညိတ်ပြလိုက်တော့သူလည်းပြန်သွားခဲ့တယ်။ ကိုနေမျိုးစီးထားတဲ့ဖိနပ်ကိုချွတ်ပေးပြီးခြေအိတ်တွေကိုပါတခါတည်းချွတ်လိုက်တယ်။ အဝတ်အစားတွေအကုန်လုံးကိုချွတ်လိုက်ပြီး ဘီရိုထဲကသက်တောင့်သက်သာဖြစ်စေမယ့်အဝတ်တွေကိုရွေးဝတ်ပေးလိုက်တယ်။ ကုတင်ပေါ်သေချာနေရာချပေးပြီးစောင်ကိုရင်ဘတ်နားထိခြုံပေးလိုက်ပြီး အခန်းကိုတချက်ပတ်ကြည့်လိုက်တယ်။ မှန်တင်ခုံပေါ်ကဓါတ်ပုံတပုံကိုမျိုးဝင်းသတိထားမိသွားတယ်။ ဂါဝန်အဖြူလေးနဲ့တော်တော်လှတဲ့ကောင်မလေးတျောက်ရဲ့နောက်မှကိုနေမျိုးကခါးဖက်ထားကာပြုံးလျက်။ မျိုးဝင်းစိတ်တွေကကွဲကျသွားတဲ့မှန်တချပ်လိုကြမ်းပြင်ပေါ်တစစီပြန့်ကျဲကုန်တယ်။ မျိုးဝင်းလည်းစိတ်ကိုချုပ်တည်းကာဧည့်ခန်းဘက်ထွက်လာခဲ့တယ်။ ခုနကကိုနေမျိုးကိုထိန်းပေးနေရတာနဲ့သတိမထားမိခဲ့ပေမယ့် အခုတော့သူ့ကိုဒဏ်ရာတွေထပ်ပေးမယ့်အရာတခုကိုမြင်လိုက်ရပြန်တယ်။ အကိုမင်္ဂလာဆောင်မှာသတိုးသားအရံလုပ်တုန်းကဝတ်ခဲ့တာပါဆိုတဲ့အဖြူရောင်suitနဲ့ မျိုးဝင်းအရမ်းသဘောကျခဲ့ရတဲ့သူ့ရဲ့အပြုံးချိုချိုလေး။ မိန်းကလေးကိုရွန်းရွန်းစားစားကြည့်နေတဲ့အကြည့်တွေကတချိန်ကမျိုးဝင်းကိုကြည့်ဖူးတဲ့အကြည့်တွေနဲ့တထေရောတည်းပဲ။ ဆိုဖာခုံပေါ်ကိုအရုပ်ကြိုးပြတ်လဲကျသွားတဲ့မျိုးဝင်းရင်ထဲကိုဓါးနဲ့မွှန်းလိုက်သလိုမျိုးနာကျင်ရတယ်။ မိိန်းမရှိရက်နဲ့သူ့ကိုမျှော်လင့်ချက်တွေပေးပြီး လူပျိုတျောက်လိုချဉ်းကပ်ခဲ့တဲ့ကိုနေမျိုးကိုမျိုးဝင်းစိတ်မနာပါ။ စိတ်နာတာကအချစ်ကိုဘယ်တော့မှရှေ့တန်းမတင်ခဲ့တဲ့သူက ကိုနေမျိုးနဲ့ကျမှအချစ်ကိုတွေ့ရှိခဲ့တဲ့ကိုယ့်ကိုကိုယ်ပဲ။ ကိုနေမျိုးနဲ့တွေ့ပြီးမှအချစ်ကိုသိတယ်ဆိုပြီးအမြဲတမ်းဖာဆန်ဆန်နေခဲ့တာကိုရောဘယ်လိုလုပ်မလဲလို့မေးလာခဲ့ရင်လည်းသူ့မှာအဖြေမရှိသေးပါ။ မျိုးဝင်းလည်းစိုစွတ်လာတဲ့ပါးပြင်ထက်ကမျက်ရည်လို့ထင်ရတဲ့အရည်တချို့ကိုသုတ်လိုက်ပြီးခုံပေါ်ကထရပ်လိုက်တယ်။ အချစ်ကိုတွေ့ပြီးခဲ့တာတောင်သစ္စာမစောင့်သိတတ်ခဲ့တဲ့သူ့လိုလူတျောက်အတွက်ဘုရားကပေးတဲ့ပြစ်ဒဏ်ပေါ့လေ။ နောက်ဆုံးအနေနဲ့ကိုနေမျိုးအခန်းထဲကိုလာပြီးအိပ်ပျော်နေတဲ့သူရဲ့နဖူးလေးကိုခပ်ဖွဖွနမ်းကာ နှုတ်ခမ်းသားတွေကိုထိရုံလေးနမ်းလိုက်တယ်။ 'နှုတ်ဆက်ပါတယ်အကို...ညီတို့ရေစက်ကဒီလောက်လေးပါပဲ...အကို့ဘ၀ထဲညီရောက်လာခဲ့တာဟာအကို့အတွက်ပျော်စရာတခုမဟုတ်ဘဲစိတ်ညစ်စရာတခုပဲဖြစ်ခဲ့တာပေါ့...ညီ့အတွက်ကတော့အကိုပြောသလိုပဲအကိုနဲ့ပတ်သက်တဲ့အရာအားလုံးကအကောင်းဆုံးတွေပါ...ဒီဘဝမှာအဲလိုအရာတွေကိုညီထပ်မရနိုင်တော့သလို တခြားသူဆီကလည်းထပ်ပြီးမလိုချင်တော့ဘူး...အကိုနဲ့ပတ်သက်တဲ့အမှတ်ရစရာတွေကိုမဖျောက်ပစ်ချင်လို့ပါအကို'။ လက်ကိုခပ်ဖွဖွလေးကိုင်ကာတျောက်တည်းစကားတွေရေရွတ်နေပေမယ့်ကိုနေမျိုးကတော့ကြားမှာမဟုတ်ပါဘူးလေ။

အထန် မျိုးဝင်းWhere stories live. Discover now