(၂၄)

1.9K 168 0
                                    

[ဒုတိယဇာတ်လိုက်အား ကယ်တင်ခြင်း]

မနက်စောစောစီးစီး ကြင်ယာတော်ဆောင်အတွင်း၌ ပွစိပွစိအသံများကြားနေရပေသည်။ ၎င်းမှာအခြားမဟုတ်၊ ကြင်ယာတော်ဆောင်သို့ တစ်ခါပင် အလည်လာခြင်းမရှိသည့် ဘုရင်မင်းမြတ်က ကြင်ယာတော်ယွီ၏အဆောင်၌ အိပ်စက်ခဲ့ခြင်းကြောင့်ပင်။ 

ဘုရင့်အချစ်တော်လေးနှင့်စကားစမြည်ပြော၍ ပြန်ထွက်သွားရန် ၎င်းတို့ကမျှော်လင့်ခဲ့သော်ငြား ထိုသို့မဟုတ်ခဲ့။ ရှင်းချန်၏အိပ်ဆောင်၌ပင် ဘုရင်မင်းမြတ်ကအိပ်စက်သွားပြီး မနက်စောစောစီးစီးအချိန်၌ နှစ်ဦးသား၏ချစ်ကြည်နူးနေသော စကားသံများကိုပင်ကြားနေရသည်ဟုဆို၏။ 

ထိုသတင်းကြောင့် ကြင်ယာတော်ဆောင်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်ကာ ရှင်းချန်အပေါ်မနာလိုမှုများကြောင့် သွေးပင်တက်ကုန်ကြတော့သည်။ 

^ ရှင်ဘုရင်က သူ့ကိုထိလို့ ကြင်ယာတော်တွေကိုအမျက်ထွက်တယ်... နောက်ပြီး ဒီလူနေမကောင်းလို့ ရှင်ဘုရင်ကိုယ်တိုင် ကြင်ယာတော်ဆောင်ကိုလာပြုစုရတယ်လို့...

ဘုရင့်အချစ်တော်က လွန်လွန်းနေပြီမဟုတ်ဘူးလား?! ဘုရင်မင်းမြတ်ရဲ့အချစ်တွေကို သူပဲအပိုင်သိမ်းချင်နေတာလားကွ! ^

သို့လော သို့လော မကျေနပ်မှုများဖြင့် ပွက်လောရိုက်နေလျှင်တောင် မည်သူကမှ ထိုကိစ္စနှင့်ပက်သက်၍ အတွန့်မတက်ရဲပါချေ။ ကျုန်းလိပြည်၌ ကျုန်းလိဘုရင်၏ စကားကသာစည်းမျဉ်းဖြစ်သည်။ ဘုန်းကံမြင့်မားသည့် ဘုရင်ပိုင်လီထျန်းဆိုလျှင်ပြောဖို့တောင်မလိုချေ။ ရှင်ဘုရင်ဘာသာ ကြင်ယာတော်ကိုပြုပဲစုစု၊ ကိုယ်တိုင်ပဲဆေးကုကု၊ မည်သူကတားဆီးရဲမည်နည်း။

တစ်ဖက်တွင်တော့ ရှင်းချန်၏ကိုယ်လုံးလေးအား ဘုရင်မင်းမြတ်က ခါးသွယ်သွယ်လေးမှသိမ်းကြုံးဖက်၍ မျက်နှာတစ်ခွင်နမ်းရှိုက်ခြင်းအမှုကို အဆက်မပြတ်ပြုနေလေ၏။ ဝတ်ရုံတော်လဲပေးနေသည့် အစေခံများသည်လည်း ကောင်းကောင်းမနေရ။ ခေါင်းပဲငုံ့ထားရမလို ဆက်လဲပေးရမလိုနှင့် အမှန်ပင်လမ်းပျောက်ရသည်။

[COMPLETED]ကျုန်းလိဘုရင်က ဒီနေ့လဲသူ့ဇနီးတွေကိုအလိုလိုက်နေပြန်ပြီWhere stories live. Discover now