(၈၀)

1.2K 115 0
                                    

U••

[ရှင်ဘုရင်၏လျို့ဝှက်ချက်]

သူ့ဘေးတွင် လျှောက်တင်လွှာများအား တစ်လိပ်ချင်းစီဖတ်ကြည့်နေသော ပိုင်အန်းကို ပိုင်လီထျန်း တစ်ချက်တစ်ချက်လှမ်းမကြည့်ပဲမနေနိုင်ပါချေ။

သူ၏သားတော်လေးမှာ အသက် ၅နှစ်ပြည့်ခါနီးအချိန်၌ စာရေး၊ စာဖတ်ကိုကောင်းစွာတတ်မြောက်နေပြီဖြစ်၍ ကိုယ်ခံပညာကိုလည်းလွယ်လွယ်ကူကူသင်ယူနိုင်ခဲ့သည်။ ပိုင်လီထျန်းငယ်ဘဝကထက်ပင် ပိုထူးချွန်သည်မို့ လူအမ်ားက မင်းသားငယ်ပိုင်အန်းအားအလွန်မျှော်လင့်ထားကြပေ၏။

ပိုင်အန်း၏မျက်နှာက ပိုင်လီထျန်းနှင့်ချွတ်စွတ်တူ၍ ပါးချိုင့်ခွက်ခွက်ကလေးက ၎င်းပြုံးသည့်အခါတိုင်း ထင်းခနဲပင်။ အလွန်ချောမောလှသည့်မျက်နှာထားကိုပိုင်ဆိုင်သော ထိုမင်းသားလေးက အရပ်အမောင်းတွင်တော့ ဖခင်နှင့်ဆန်ကျင်ဘက်ဖြစ်၍ ပုပုညက်ညက်ကလေးဖြစ်နေ၏။

၎င်းနှင့်သက်တူရွယ်တူ အခြားအမတ်မင်းတို့၏သားများကြားထဲ၌ ပိုင်အန်းကသာအပုဆုံးဖြစ်သည်မို့ ထိုကောင်လေးကသူ့အရပ်အမောင်းနှင့်ပက်သက်၍စနောက်လျှင် အလွန်စိတ်ဆိုးတတ်သေးသည်။ ထိုသို့စိတ်ဆိုးတိုင်းလည်း ပါးဖောင်းဖောင်းလေးကနီရဲ၍ တရှူးရှူးဒေါသထွက်နေသည့်ပုံစံက ယုန်သူငယ်လေးနှင့်အလားသဏ္ဍာန်တူသည်မို့ လူအမ်ားက မင်းသားငယ်လေး၏အမျက်ဒေါသကိုကြောက်ရွံ့ရမည့်အစား အသည်းယားမိကြပေသည်။

၎င်းက သူ့သားအစစ်မဟုတ်မှန်း ကောင်းကောင်းကြီးသိနေသော်လည်း ပိုင်အန်းကိုကြည့်သည့်အခါတိုင်း ပိုင်လီထျန်းရင်ထဲ၌ပို၍အချစ်စိတ်တိုးရ၏။

ပိုင်လီထျန်းငယ်ရွယ်စဉ်ကတည်းက သူ့ကိုစွန့်ပစ်သွားခဲ့သည့်မိဘများကြောင့် အလွန်ဒုက္ခရောက်ခဲ့ရသည်မှာအမှန်ပင်။

သူ့မိဘများအား ပိုင်လီထျန်းမုန်းတီးနေသည်ဟုတော့ မဆိုလိုပါချေ။ သို့သော်လည်း မေတ္တာအပြည့်သွင်း၍ ချစ်ခင်နေသည်မျိုးလည်းမဟုတ်သည်ကအမှန်ပင်။ မည်သို့ပင်ဆိုစေကာမူ ထိုလူနှစ်ယောက်နှင့်သူက တစ်ခါမျှပင်မဆုံဖူးသည်မို့ လူကောင်းလား၊ လူဆိုးလားပင်သူသေချာမသိရ။ သူ့အတွက်မိဘဟူသည်က တစိမ်းတရံများကဲ့သို့သာခံစားရသည်မို့ မည်သည့်ဝေဖန်ပိုင်းခြားမှုမှမရှိပေ။

[COMPLETED]ကျုန်းလိဘုရင်က ဒီနေ့လဲသူ့ဇနီးတွေကိုအလိုလိုက်နေပြန်ပြီHikayelerin yaşadığı yer. Şimdi keşfedin