U••
[သဘောတူညီမှု]
ပိုင်လီထျန်းဝင်လာသည့်နေရာက ရွှေနန်းတော်အတွင်းမှ လျို့ဝှက်အကျဉ်းထောင်တစ်ခုဖြစ်သည်။ ဤနေရာအားသူရောက်ပြီးလအနည်းငယ်အကြာ၌ဖန်တီးထားခြင်းမို့ သူကိုယ်တိုင်နှင့်လူယုံအချို့ကလွဲလို့ဘယ်သူမှမသိကြချေ။
အကျဉ်းထောင်ကမှောင်မဲသော်လည်း သန့်ပြန့်သည့်အနေအထားတွင်ရှိသည်။ ပထမနှစ်ခန်း၌ လျိုဟုန်းကျူနှင့် လျိုဂိုဏ်းချုပ်ကိုဖမ်းထားကာ ၎င်းတို့ကသတိမရသေးဟန်ပင်။ ပိုင်လီထျန်းကထိုနှစ်ယောက်ကိုမျက်မှောင်ကြုံ့လျက်လှမ်းကြည့်သည်ကိုမြင်တော့ တပ်သားလေးကပြာပြာသလဲဆိုလာ၏။
"ကျွန်တော်တို့သူတို့ကိုဘာမှမလုပ်ထားပါဘူး။ လျိုသခင်လေးကိုဖမ်းမိကတည်းက ဝေါယာဉ်ထဲမှာသူတို့နှစ်ယောက်အစထဲကအဲ့လိုမျိုးသတိလစ်နေတာပါ။ အဲ့တာကြောင့် ဘာလုပ်ရမှန်းမသိလို့ခေါ်လာလိုက်တာပါအရှင်မင်းကြီး"
ထိုဖြေရှင်းချက်ကြောင့်ပိုင်လီထျန်းပို၍ပင်မျက်မှောင်ကြုံ့သွားရသည်။ ဆိုတော့ကာ ထွက်ပြေးဖို့ကြိုးစားသည်က လျိုကျန့်နန်တစ်ယောက်သာဖြစ်၍ သူ့မိသားစုကလုံးလုံးမသိပုံပင်။ သို့ဆိုလျှင် လျိုဂိုဏ်းချုပ်ကြီးက ကတိမတည်ဟုဆို၍မရ။ သူကိုယ်တိုင်ပင် သူ့သားကဘယ်ခေါ်သွားချင်မှန်းသိနေသည့်ပုံမပေါ်။
ကိုယ့်မိသားစုကိုယ်သတိလစ်အောင်လုပ်ပြီး တိတ်တိတ်လေးတိုင်းပြည်ကထွက်သွားမယ်ပေါ့? လျိုကျန့်နန်... သူကဘာတွေတွေးနေတာလဲ?
ထို့နောက်ပိုင်လီထျန်းက နောက်ဆုံးတွင်ရှိနေသော လျိုကျန့်နန်ကိုဖမ်းထားသည့်အခန်းထဲသို့ရောက်လာတော့သည်။ လက်နှစ်ဖက်နှင့်ခြေထောက်တို့ကိုသံကွင်းဖြင့် တင်းတင်းကြပ်ကြပ်ချုပ်နှောင်ခံထားရသည့် လူငယ်လေးကိုယ်ပေါ်၌ဒဏ်ရာအနည်းငယ်ရှိနေ၏။
အထဲ၌ဖမ်းချုပ်ခံထားရသည့်တိုင် ၎င်း၏ တည်ငြိမ်သောမျက်နှာထားကပျက်မသွားပဲ ပိုင်လီထျန်းကိုအေးစက်စက်မျက်ဝန်းများဖြင့်မော့ကြည့်လာလေသည်။ တစ်ဖက်လူ၏ ဒဏ်ရာရနေသောနဖူးကိုမြင်တော့ ပိုင်လီထျန်းအနည်းငယ်တုံ့ဆိုင်းသွား၏။
ČTEŠ
[COMPLETED]ကျုန်းလိဘုရင်က ဒီနေ့လဲသူ့ဇနီးတွေကိုအလိုလိုက်နေပြန်ပြီ
RomanceTitle - 百里天的故事 [ပိုင်လီထျန်း၏ပုံပြင်] Author -张雨神 Genre - Transmigration, Romance, Comedy, Slice of life, Yaoi, Harem, Xuanhuan Chapters 113 (+3 extras)