(၉၁) ❗️

2.7K 112 1
                                    

U••

သတိပေးချက် - အသားအနည်းငယ်ပါဝင်ပါသည်။ သတ်သတ်လွတ်သမားများ အပေါ်ပိုင်းလေးတော့ဖတ်ပေးပါနော်။❗️

°°

[ကြင်ယာတော်အသစ်တင်မြှောက်ခြင်း]

သူ့ပေါင်ပေါ်၌ခေါင်းလေးမှီအိပ်နေသော လူငယ်လေး၏မျက်နှာလေးကမအီမသာ။ ရှိုးယွမ်၏ပါးပြင်ဖောင်းဖောင်းလေးနှစ်ဖက်နှင့် နှာခေါင်းလုံးလုံးလေးတို့ကအနည်းငယ်နီရဲ၍ မျက်ဝန်းလေးများကစိုစွတ်နေ၏။ သက်သောင့်သက်သာဖြစ်မည့်အနေအထားကိုရှာရင်း ခန္ဓာကိုယ်လေးကိုကွေးလိုက်ကြုံ့လိုက်လုပ်နေကာ ရံဖန်ရံခါ၌ပိုင်လီထျန်းလက်ကိုဆွဲယူကာသူ့ပါးပြင်လေးတွင်အပ်ထားသေးသည်။

မျက်နှာလေးမဲ့နေသည်မို့ သူ့ရှေ့မှအစိမ်းရောင်ဆံနွယ်လေးများကို ခပ်ဖွဖွပွတ်ပေးတော့ ပျိုးနီပန်းလေးကတအီအီညည်းညူသံပြု၏။

"မသက်သာသေးဘူးလား? ကိုယ်တော်ဘယ်လိုလုပ်ပေးရပါ့မလဲ?"

ရှိုးယွမ်ကသူလည်းမသိပါသဖြင့် ခေါင်းလေးခါပြသည်။ ထိုကောင်လေးနေထိုင်မကောင်းသည်က ရက်အနည်းငယ်ပင်ရှိချေပြီ။ မိစ္ဆာအများစုကနေမကောင်းမဖြစ်တတ်ကြသော်လည်း ရှိုးယွမ်အလှည့်ကျမှမအီမသာဖြစ်လွန်းနေပါသဖြင့် ပိုင်လီထျန်းကိုငိုကာတိုင်တောရတော့၏။

ရောဂါကဆိုးဆိုးဝါးမဟုတ်လှသော်လည်း ရှိုးယွမ်ကအရင်ထက်ပိုငြိမ်သွားကာ ပိုင်လီထျန်းအနားတွင်အမြဲခွေနေတော့သည်။ ပုံမှန်ဆိုလျှင်လည်း ပျိုးနီပန်းလေးက ပွတ်သီးပွတ်သပ်လုပ်၍ချွဲတတ်သော်ငြား ယခုကဲ့သို့ငြိမ်နေခြင်းကမူမတူလှ။ ရှိုးယွမ်ဘာကြောင့်နေမကောင်းဖြစ်နေမှန်းမသိသည်ကလည်း ပိုဆိုးသည်။

သူ့ခမျာခြေမကိုင်မိလက်မကိုင်မိဖြစ်နေကာ ရှိုးယွမ်ပိုသက်သာစေရန် ရင်ခွင်ထဲထွေးပွေ့ပေးရင်း ချော့မြူရုံသာတတ်နိုင်၏။

"ဒါမှမဟုတ်... ရှိုးယွမ် ဆရာ့ဆီသွားမေးလိုက်ရမလား?"

စိတ်မရှည်တော့သည့်အဆုံးမှ ရှိုးယွမ်ကထမေးလာသည်။ ပုံမှန်သာဆိုလျှင် ဆရာဟန်ဇီဆီသွားရမည့်အစား သေပစ်လိုက်ပါမည်ဟူသော ကောင်လေးကထိုသို့ပြောလာပြီမို့ ပိုင်လီထျန်းမျက်မှောင်မကြုံ့ပဲမနေနိုင်။ ရင်ခွင်ထဲမှကလေးလေးက အလွန်ခံစားရခက်နေခြင်းသာမဟုတ်လျှင် ထိုစကားကိုထုတ်ပြောလာမည်မဟုတ်ချေ။

[COMPLETED]ကျုန်းလိဘုရင်က ဒီနေ့လဲသူ့ဇနီးတွေကိုအလိုလိုက်နေပြန်ပြီWhere stories live. Discover now