(၆၉)

1.3K 123 6
                                    

U••

[ယွီအိမ်တော်မျိုးဆက်ပြတ်ပြီပေါ့]

ဘုရင်မင်းမြတ်က အဖေဖြစ်သူနှင့်ထွက်သွားသည်မို့ ကျန်နေခဲ့သည့်ရှင်းချန်တစ်ယောက် ယွီယွန်ဆောင်၏ ဆွဲခေါ်သွားခြင်းကိုခံရတော့သည်။ ရုတ်တရပ်လက်မောင်းမှဆွဲလာ၍ လူကွယ်ရာရောက်မှ အစ်ကိုဖြစ်သူကလွှတ်ပေးတော့၏။

"ဘာတုန်း...အဲ့အကြည့်ကြီးက"

သူ့ပခုံးကို အားကိုးတကြီးဆုပ်ကိုင်ရင်း တလက်လက်တောက်နေသောမျက်ဝန်းများဖြင့်စိုက်ကြည့်နေသော ယွီယွန်ဆောင်အား ရှင်းချန်ကစိတ်ပျက်လက်ပျက်ဖြင့်အမေးရှိလာသည်။ ဤရုပ်ကိုကြည့်ပုံအရတော့ ရှင်းချန်အားတစ်ခုခု ဒုက္ခပေးတော့မည့်ပုံပင်။

တတိယအစ်ကိုတော်ကမည်သူနည်း။ တစ်အိမ်လုံးတွင် စကားအချိုသာဆုံးပြောတတ်သည့်တစ်ဦးတည်းသောသူဖြစ်၍ နှစ်ပေါက်တစ်ပေါက်ရိုက်ရာတွင် အလွန်ကျွမ်းကျင်သည့်ပညာရှင်ပင်။ အလွန်ပွင့်လင်း၍ ဒဲ့တိုးဆန်လွန်းသော ယွီမိသားစုထဲတွင် ယွီယွန်ဆောင်တစ်ယောက်ကသာ ပရိယာယ်ကြွဝ၍ ဥာဏ်များသည့်သူဖြစ်၏။

သို့သော်လည်း ၎င်းကယွီမိသားစုဝင်များနှင့်မတူသည်တော့မဟုတ်ရပေ။ စကားပြောသည့်ဟန်ပန်ကလွဲလျှင် တစ်သွေးတစ်သားတည်းဖြစ်သော ဤအစ်ကို၏အကြောင်းအား ရှင်းချန်ကအူမချေးခါးမကျန်အကုန်သိ၏။ ဤရုပ်မျိုးလုပ်နေပုံအရတော့ ၎င်းထံတွင်ကြီးကြီးမားမားကိစ္စရှိနေပေပြီ။ ယွီယွန်ဆောင်ကတော်ရုံပြသနာမရှာတတ်သော်လည်း တည်ငြိမ်လွန်းသူလည်းမဟုတ်ရပေ။

တိုက်ခိုက်ရေးရာမှာရော စာပေကိုပါထူးချွန်သည့် ယွီယွန်ဆောင်က လွတ်လပ်မှုကိုအလွန်သဘောကျ၏။ နန်းတွင်းကိစ္စများထဲဝင်မပါချင်၊ ရာထူးကိုမမက်၊ ယပ်တောင်တစ်ချောင်းကိုင်၍ ခရီးလှည့်လည်သွားရသည်ကိုသာ ခုံမင်နှစ်သက်ပေ၏။ ဆက်ဆံရေးကောင်းမွန်၍ အသိမိတ်ဆွေပေါသလို စီးပွားရေးအမြင်ရှိသူလည်းဖြစ်သည်။

သူ၏ဒုတိယအစ်ကိုတော်နှင့် ရှင်းချန်ကအလွန်ရင်းနှီးကြသော်လည်း အခြားအစ်ကိုနှစ်ယောက်နှင့်တော့ အနေသိပ်မနီးပေ။ အစ်ကိုကြီးယွီချန်းက အလွန်အေးတိအေးစက်နိုင်သဖြင့် ဘယ်သူနှင့်မှမရင်းနှီးခြင်းဖြစ်၍ တတိယအစ်ကိုတော်ကတော့ သူ့ကိုအလွန်စသဖြင့် မျက်နှာတွေ့သည်နှင့်ခပ်ဝေးဝေးကရှောင်ပေသည်။

[COMPLETED]ကျုန်းလိဘုရင်က ဒီနေ့လဲသူ့ဇနီးတွေကိုအလိုလိုက်နေပြန်ပြီWhere stories live. Discover now