နွေး.....မင်းဘာလုပ်နေတာလဲ.....
မင်းကို တစ်ခုခု အလုပ်ခိုင်းလိုက်ရင် ပြန်ကို မလာတော့ဘူး... တစ်ချိန်လုံးအလေ လိုက်နေတော့တာပဲ.......
မေမေ...သား အဝတ် လျှော်နေတာပါ... အလုပ်က မပြီးသေးတော့ကြာသွားတာ.....
နွေး.....ဆင်ခြေ လက်ခြေတွေ လာမပြောနေနဲ့.....
အခု ငါ..ဟင်းချက်မလို့ အကုန်အဆင်သင့်ပြင်ထားလိုက်....
ပြောလိုက်ရင် အကုန်သူပဲ့လုပ်နေရသလိုသောက်ချိုးနဲ့.......
ဟဲ....အလုပ်ပြီးရင် နင့်အကို အဝတ်တွေ မီးပူတိုက်ထား....ပြောပြီးသည်နှင့် လှည့်ထွက်သွားသော အမေကျောပြင်အား ကြည့်ကာ နွေးမျက်ဝန်းတို့ မျက်ရည် တို့ ရစ်သိုင်းလာသည်..
အသက်၁၂နှစ်အရွဃ် ကလေး တစ်ဦး အနေဖြင့် ထိုအလုပ်တို့မှာ အလွန်ပင် ဝန်ပိလှသည်.....
နွေးအနေဖြင့်မိသားစုထဲခွဲခြားကာ ဆက်ဆံခံရသည်ဟုလည် အမြဲထင်မြင်မိသည်.....နွေး၏အကို ဖြစ်သူမှာ ကျောင်းတက်ရသော်လည်း
နွေးကားကျောင်းသို့မသွားရပေ.....
အမှန်တော့ နွေးကာ စာမတက်သူပင်......နွေး၏အဖေဖြစ်သူမှာလည်း နွေးအားသူအလုပ်အဆင်မပြေလာတိုင်းရိုက်နှက်တက်သည်....
တစ်ခါတလေ အဖေ ၏အကြည့်တို့မှာ
အနည်းငဃ် ကြောက်ဖို့ကောင်းသည်ဟု နွေးခံစားရသည်......နွေး၏တစ်ကိုဃ်လုံးအား စားမလိုဝါးမလို ကြည့်နေတက်သေးသည်......
အကိုဖြစ်သူမှာ နွေးထက်၄နှစ်ကြီးသူဖြစ်သည်....
အကိုကလည်းနွေးအား သိပ်ဂရုမစိုက်.....အရာရာသည်သူနှင့်မဆိုင်သလိုပင်...မိဘတို့က ခွဲခြားကာ ဆက်ဆံခံရသည့် အကြောင်းမှာ
မတူညီသော နွေး၏ရုပ်သွင်ပြင်ကြောင့်ဟု ထင်သည်.......
နွေးကား အမေတို့နှင့်မတူ ဖြူစွတ်နေသော
ဆံနွဃ် များရှိသည်......မျက်ဝန်းတို့ကလည် အနက်ရောင်ဂေါ်လီလုံးကလေးများ
ကဲသို့ တောက်ပနေသည်......အသားအရေကလည်း အိမ်တော်ရှိ အစေခံတို့၏ သားဟုပင်မထင်ရအောင်ဖြူဥကာ နုဖတ်လွန်းလှသည်...
YOU ARE READING
ပိုးအိမ်(completed )
Romanceစိတ်ကူးဃဉ် ရေးသားထားခြင်းသာ..... အသက်မပြည့်သူများမဖတ်ရန်....