အပိုင်း(13)

10.9K 107 3
                                    

ဖြောင်း....
မိဘကျေးဇူးမသိတက်တဲ့ကောင်.......

ပါးပြင်ပေါ်လက်ဝါးရာနီရဲရဲတို့ဖြင့်
တံဆိပ်ရိုက်ခက်ခံလိုက်ရသော်လည်းမြင့်ဦးသူမှာ
အပြုံအရဃ်မပျတ်ပေ....

သားလက်မလျှော့နိုင်ဘူးမေမေ.....

ဖြောင်း...ဖြောင်း....

ဆက်တိုက်ကျဆင်းလာသောပါးရိုက်ချက်တို့အား
ခံဃူရင်မြင့်ဦးသူတစ်ဃောက်ကျေနပ်နေမိသည်....

မိမိဘဝတွင်အချစ်ဟူသောအရာအတွက်
ထိုမျှလောက်ရူးမိုက်မိလိမ့်မည်ဟုပင်ထင်
မထားခဲ့....

ထိုသူလေးအတွက်အခုလိုပေးဆပ်နေရသည်ကိုပင်
မြင့်ဦးသူတစ်ဃောက်ပျော်ရွှင်နေမိသည်.....

နန်းသင်းမေ မှာ မိမိသားအရူးကောင်အဖြစ်အားကြည့်လေရင်ဝအားဆောင့်ကန်လိုက်သလိုနာကျင်ရလေပင်....

မိမိ၏ဃောကျ်ားပါမကသားကပါထိုလူအတွက်ဖြင့်
အရူးအမူးလုပ်ပြနေကြသည်...

ဃောကျ်ားဖြစ်သူထွန်းမြင့်ဦးကလည်း
ထိုမသာကောင်အတွက်နှင့်တရားဝင်မိန်းမ
အရှင်လတ်လတ်ကြီးအားနောက်ကြောင်းပြန်ကာ
အောက်ဖဲလှန်နေသည်....

အမျိုးမျိုးခြိမ်းခြောက်အကြပ်ကိုင်ခံနေရသဖြင့်နန်းသင်းမေမှာရူးမတက်ခံစားနေရသည်.....

သားဖြစ်သူကလည်းအခုတော့သောက်ရူးတစ်ဃောက်
လိုပင်..မိမိ၏နဃ်ရုပ်တစ်ရုပ်လိုအသုံးပြုလို့မရတော့ချေ.....

သုံးစားမရသောသူအားနန်းသင်းမေစွန့်လွှင့်ပစ်ပလိုက်ရန်ဝန်မလေးပေ....

မိမိလိုဂုဏ်ကျက်သရေအဖြာဖြာနှင့်လူအား
ထိုအနုတ်စုတ်ဂုတ်စုတ်ကောင်ကလာရောက်ဃှဥ်ပြိုင်ဝံသည်......

ထိုအဖြသ်အပျတ်ကိုတော့ဖြင့်
နန်းသင်းမေ တစ်ဃောက် သည်းမခံနိုင်.......

ခြေရာလာတိုင်းသောခွေးအားသူနေရာသူသိအောင်ပြရပေမည်.....ခွေးကောင်...မွေးထဲကသတ်ပစ်ခဲ့သင့်တာ.....

ဂုဏ်မက်သူနန်းသင်းမေ မှာ
မိမိ၏အိမ်တော်သခင်မဟူသောနေရာကြီးတည်မြဲနေရန်အတွက်စိုးရိပ်စိတ်တို့ကြီးစိုးလာရတော့သည်....

ပိုးအိမ်(completed )Where stories live. Discover now