ခမ်းနားလှသောအိမ်တော်ကြီးအတွင်း
အဆင့်အတန်းမြင့်မားလွန်းလှသောအပြင်အဆင်တို့နှင့်အတူဂုဏ်သရေရှိအထက်တန်းစားအသိုင်းအဝိုင်းများဖြင့်စည်းကားသိုက်မြိုက်နေပေသည်.....ပွဲလမ်းသဘင်၏အလဃ်တွင်ခန့်ညားလှသော
အိမ်တော်သခင်ကြီးထွန်းမြင့်ဦးနှင့်အလှပဂေး
သခင်မနန်းသင်းမေတို့ကတော့ဝင့်ဝင့်ကြွားကြွားပင်.....ပွဲ၏အဓိကဇာတ်လိုက်များဖြစ်သောမြင့်ဦးမဟာနှင့်မြင့်ဦးသူတို့မှာလည်းမင်းသားလေးများကဲ့သို့ပင်.....
ပွဲတက်ရောက်ကြသူပျိုမဒီအပေါင်းမှာလည်း
ထိုအမွှာညီအကိုများ ကို ငေးမောကြည့်ရင်း
အနာဂတ်အိမ်မက်များအားစိတ်ကူဃဥ်နေကြပေတော့သည်........အမွှာ၂ဦး၏အသက်၁၈နှစ်ပြည့်မွေးနေ့ပွဲကား
မြင်သူအပေါင်းအားကျငေးမောချင်စရာအတိပင်....သို့သော်လည်းအိမ်တော်၏အခြားတစ်ဖက်တွင်မူ...
မှောင်မိုက်လှသောအခန်းငဃ်အတွင်း......
ထိုအရာတို့နှင့်ကွဲလွဲစွာပင်အုံမိူင်းနေပေသည်...အခန်းထဲတွင်လရောင်ကားမဝိုးတဝါးဖြင့်အရိပ်ကျနေရှာသည်....
လူငဃ်လေးတစ်ဃောက်ကားပြတင်းပေါက်အပြင်ဘက်ရှိ
ပွဲမီးတို့ဖြင့်ထိန်ထိန်လင်းနေသောနေရာဆီသို့
အကြည့်တို့အားကျောက်ချထားပေသည်.......ထိုလူငဃ်လေးကားပျံလွင့်လာသောတီးလုံးသံတို့အား
နားဆွင့်နေဟန်ရသော်လည်း
အမှန်မှာမူပါးစပ်မှာကျိမ်ဆဲနေသောစကားလုံးတို့ဖြင့်သာ
ပြည့်နှက်နေပေသည်......ငါအပိုင်တွေ.....အကုန်ငါဟာတွေဖြစ်သင့်တာ....
သေသေ......အကုန်သေကုန်ရမှာ........နွေးမှာပိတ်လှောင်ခံထားရသည်ကိုမခံမရပ်နိုင်ဖြစ်နေသဖြင့်
စိတ်ရူးပေါက်နေသူတစ်ဦးကဲ့သို့ပင်.....အတန်ကြာအောင်ရူးသွပ်ဆဲဆိုနေပြီးမှ
တည်ငြိမ်သွားကာအမှောင်ထဲတွင်တခစ်ခစ်ဖြင့်ရီမောကာ
ချိုမြိန်လှသောရဃ်သံလေးများအားတဖန်
ထုတ်လွှင့်လာပြန်သည်.....::..::::::::.......::............
မဟာနှင့်မြင့်ဦးသူမှာအချင်းချင်းအချက်ပြကာ
လူများနေသည်ကိုအခွင့်ကောင်းဃူကာလူလစ်တုန်း ပွဲမှထွက်ခွာသွားလေသည်......
YOU ARE READING
ပိုးအိမ်(completed )
Romanceစိတ်ကူးဃဉ် ရေးသားထားခြင်းသာ..... အသက်မပြည့်သူများမဖတ်ရန်....