အပိုင်း(15)

12.7K 132 6
                                    

နန်းသင်းမေ တစ်ဃောက်မိမိ၏သားကြီး
မဟာသေဆုံးမူအားမျက်မြင်တွေ့လိုက်ရသောအခါ စိတ်ဖောက်လာရတော့သည်....

အခန်းထောင့်တွင်ရပ်နေသောနွေးဆီသို့
အကြည့်တို့အားပို့ကာအရူးသဖွဃ်အော်ဟစ်လေတော့သည်....

ခွေးကောင်...နင်..ငါသားကိုသတ်လိုက်တာ...
မွေးထဲကသတ်လိုက်ရမှာ..ဂြိုလ်ကောင်.
.ဂြိုလ်ကောင်...

အော်ဟစ်ဆဲဆိုပြီး နွေးဆီသို့ပြေးကာ
နွေး၏တစ်ကိုဃ်လုံးအားနေရာလက်မကျန်အောင်ရိုက်ပုတ်တော့သည်...

ထွန်းမြင့်ဦး မှာအစကငေးကြောင်နေသော်လည်း
မိမိအချစ်လေးအားထိုအရူးမက လက်ပါလာသည်ကိုတော့ရပ်ကြည့်မနေနိုင်ချေ...

အပေါ်ထပ်မှပြေးဆင်းလာကာတစ်ပွဲတစ်လှမ်းနွဲဲကြတော့သည်...

မြင့်ဦးသူ မှာတော့လောလော
လတ်လတ်သေထားသော
အကိုဖြစ်သူ၏ရုပ်အလောင်းအားထွေးပွေ့ရင်
မျက်စိရှေ့ကအဖြစ်အပျတ်တို့အား
ငိုဃိုကာသာကြည့်နေမိသည်..

နန်းသင်းမေ မှာလက်ပါလာသည်နှင့်အမျှ
ထွန်းမြင့်ဦး ကလည်းအင်အားကိုသုံးလာသည်.....

ရုတ်တရက်ဆိုသလိုနွေးက ပြေးဝင်လာကာ
ဓားတစ်ချောင်းအားနန်းသင်းမေ၏လက်ထဲထိုးထည့်ပေးလိုက်သည်...

သားသေဆုံးမူကြောင့်ရူးသွတ်နေသော
နန်းသင်းမေမှာလက်ထဲရောက်လာသည့်
အရာကဘာရဃ်မသိ........

သူမသိသည်မှာမိမိရှေ့မှလူအားအသားနာပါစေ
ချင်သည်ဟူသောစိတ်တစ်ခုထဲသာရှိသည်....

ထပ်ခါထပ်ခါရိုက်သည်.....ကြိမ်ဖန်များစွာလက်ထဲရှိဓားဖြင့်ထပ်ခါထပ်ခါအကြိမ်ပေါင်းများစွာထိုးသွင်းသည်...

ဘေးမှကြည့်နေသောမြင့်ဦးသူမှာမျက်လုံးအပြူးသား.....

အချိန်အတန်ကြာမှနန်းသင်းမေတစ်ဃောက်မိမိရှေ့မှလူအားကြည့်မိသောအခါသွေးသံတရဲရဲ.....

ဓားထိုးသွင်းချက်များကြောင့် ခန္ဓာကိုယ်
တစ်ခုလုံးထိုးသွင်းဒဏ်ရာတို့ဖြင့်အသက်မဲ့နေချေပြီ.....

ပိုးအိမ်(completed )Where stories live. Discover now