အခန်း (၇)

1.5K 130 26
                                    

အခန်း (၇)

လင်းမာန်ခ အခက်တွေ့သွားသည် ။
သူ့အနေဖြင့် ထိုသူဆီမှသာ ခွင့်ပြုချက် မရလျှင် ဒီည ဘယ်မှာ သွားအိပ်ရမလဲ မသိ ။
အပြင်တွင် ရာသီဥတုကလည်း အေးနေသည် ။
အိမ်ကထွက်စဥ်က သူ့မေမေက သူ့ကို အနွေးထည်ဝတ်ဖို့ မှာခဲ့သေးသည် ။
ထိုစဥ်က မကြားချင်ယောင် ဆောင်ခဲ့မိသော သူ့ကိုယ်သူ သာ လင်းမာန်ခ အပြစ်ပြန်တင်မိသည် ။

" ကိုထင်လင်း သာ နေရာမပေးရင် ကျွန်တော် ဒီညတောင် အိပ်ဖို့နေရာမရှိဘူး... ကျွန်တော် ဒီမှာပဲ နေပါရစေနော်... နော်လို့... ကိုထင်လင်း....  "

လင်းမာန်ခ က သနားစဖွယ် မျက်နှာလေး လုပ်ပြ၍ အကူညီ ထပ်တောင်းသည် ။
သို့သော်လည်း အချည်းနှီးသာလျှင် ... ။
ထင်လင်းဆိုသူ​က အတော် ခေါင်းမာပုံရသည် ။
မရဘူးဆိုလျှင် မရဘူးပင် ။
သူ့ကို အတင်းငြင်းဆန်သည် ။

" မင်းဘာသာမင်း အိပ်စရာနေရာ မရှိတာ မင်းကိစ္စလေ... ငါနဲ့ ဘာဆိုင်လို့ ငါက မင်းကို ခေါ်ထားရမှာလဲ.... "

ထင်လင်းက ထိုသို့ပင် သွေးအေးအေးဖြင့် စကားကို ပြတ်ပြတ် ဖြတ်လိုက်သည် ။
ထိုကောင်လေး ၏ စကားပြောပုံက တီတီတာတာနှင့် အသည်းယားစရာ ပုံမျိုး ဖြစ်နေသည် ။
ထိုသို့ လုပ်နေသည်မှာ မိန်းကလေး မဟုတ်ဘဲ ယောကျ်ားလေးတစ်ယောက် ဖြစ်နေသည်ကပင် သူ့အတွက် ပို၍ ထူးဆန်းနေသည် မဟုတ်လား ။

မဖြစ်... သူ ဒီကောင်လေး၏ ချစ်စရာကောင်းမှုတွင် အရှုံးပေးလိုက်၍ မဖြစ် ။
ထိုသို့ လုပ်ခြင်းက သူ့လို လူမိုက်ခေါင်းဆောင် တစ်ယောက်၏ သိက္ခာကို ကျစေလိမ့်မည် ။
သူ လုံးဝ ငြင်းပစ်ဖို့ကိုသာ ထင်လင်း ရွေးခြယ်လိုက်သည် ။

" ကိုထင်လင်း ကြောင့် ကျွန်တော်က အတိတ်မေ့သွားတာလေ... ကိုထင်လင်း ပဲ တာဝန်ယူရမှာပေါ့... "

လင်းမာန်ခ က ဂျစ်တိုက်သော ကလေးငယ်လေးလို မျက်နှာကို စူပုပ်ကာ ပြောလိုက်သည် ။
ထင်လင်း တစ်ယောက် ကြက်သီးတောင် ထသွားရသည် ။
ထို့နောက်တွင်ကား ထင်လင်း တစ်ယောက် ချက်ချင်း ထရပ်လိုက်ပြီး လင်းမာန်ခ ကို ကျောပေါ် ထမ်းလိုက်သည် ။

အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ် Where stories live. Discover now