အခန်း (၂၄)
သူ့ဖေဖေက သူ့ဘက်ကို လှည့်ကြည့်လာသည် ။
အား... ဒီအချိန်မှာ ကျွန်တော့်ကို မသိဘူးလို့တော့ မပြောလိုက်ပါနဲ့နော် ဖေဖေရေ ။
ဒါ ဖေဖေ့ရဲ့ သားအလိမ္မာလေးပါနော် ။" ဟုတ်လား သားမာန်... ဒါ သားသူငယ်ချင်းလား... "
သူ့ဖေဖေက တစ်ခုခု ပြောမလို့ လုပ်နေစဥ်မှာပင် ဦးကျော်ထွဋ်ခေါင် က ဖြတ်၍ ဝင်ပြောလာသည် ။
" ဟုတ်ပါတယ် အန်တီ... ဒါ သားတို့ သူငယ်ချင်း လင်းမာန်ခပါ... ညက သူလည်း အိမ်မပြန်တော့ဘဲ ဒီမှာ တူတူလိုက်အိပ်တာပါ... "
ဦးကျော်ထွဋ်ခေါင် က သူ့ကယ်တင်ရှင်ပဲ ။
လင်းမာန်ခ ယခုမှပင် သက်ပြင်းချနိုင်လိုက်သည် ။
သူ့ဖေဖေကတော့ ဘာမှမပြော... ဒီအတိုင်း ငြိမ်နေသည် ။" သြော်... အဲ့တာဆို သားပါ အန်တီတို့နဲ့ မနက်စာ ဝင်စားသွားလေ... "
သူ့ဖွားဖွားက ခေါ်လာသောကြောင့် လင်းမာန်ခ ငြင်းလိုက်ရသည် ။
" ဟို... ဟိုလေ... သားက အလုပ်သွားရဦးမှာမို့ မစားတော့ဘူးနော် အန်တီ... "
" ရပါတယ်ကွယ်... ခဏပဲဟာကို... ဒါဆို မေမေ မနက်စာ ပြင်ထားမယ်နော်... သားမာန်... သူငယ်ချင်း နှစ်ယောက်ကိုခေါ်ပြီး ထွက်လာခဲ့... "
" ဟုတ်ကဲ့မေမေ... "
ဖွားဖွား ထွက်သွားသည်နှင့် သူ့ဖေဖေက သူ့ဘက်လှည့်ကာ မေးလာသည် ။
" မင်း... ဘယ်လိုလုပ် အခန်းထဲ ရောက်နေရတာလဲ... "
" ဟို... ပြူတင်းပေါက်ကနေ ကျော်ဝင်လာတာ... "
သူ မဝံ့မရဲ ပြန်ဖြေလိုက်သည် ။
သူ့ဖေဖေက ဦးကျော်ထွဋ်ခေါင် ဘက်ကို လှည့်ပြီး လှမ်းပြောသည် ။" ဒီကောင် တစ်ခုခု ခိုးမလို့နေမှာ.... ထွဋ်ခေါင်... မင်းက ဘာလို့ သူ့ဘက်က ကာပြောပေးနေရတာလဲ... "
" မာန်ဆင့်ရယ် ... လင်းမာန်ခ က လူကောင်းလေးပါကွာ... မနေ့ညက ငါတို့ ပြဿနာတောင် သူဝင်ဖြေရှင်းပေးလို့ အဆင်ပြေသွားတာ မဟုတ်လား... "
သူ့ဖေဖေက ဒါလည်းဟုတ်တာပဲလေ ဟူသောအကြည့်ဖြင့် သူ့ကို ကြည့်လာသည် ။
ပြီးမှ ထပ်မေးလာသည် ။
YOU ARE READING
အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ်
Gizem / Gerilimဇာတ်လမ်း အကျဥ်းကတော့ ဝတ္ထုခေါင်းစဥ်အတိုင်းပါပဲ... လင်းမာန်ခက wormhole ကို ဖြတ်လာပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ ကို ရောက်လာတယ် ။ သူ့အဖေက သူ ၂နှစ်သားထဲက ဆုံးသွားခဲ့ပြီဖြစ်တယ် ။ သူ့အဖေရဲ့ ဒိုင်ယာရီ အရ သူ့အဖေ ချစ်တဲ့သူက ယောကျ်ားလေးတစ်ယောက်ဆိုတာ သူ သိခဲ့တယ် ။ ...