အခန်း (၁၄)

1K 99 6
                                    

အခန်း (၁၄)

လင်းမာန်ခ ဘုရားစာ အကြိမ်ကြိမ် ရွတ်ပြီးနောက်တွင်တော့ ကိုထင်လင်း၏ ဆိုင်ကယ်သည်လည်း New Year ပွဲ၏ ဆိုင်ကယ်စတန်းတွင် ရပ်နိုင်ခဲ့လေပြီ ။
ဆိုင်ကယ်ပေါ်က ဆင်းရတော့မည်ဆိုတော့ သူ့မှာ ခါးဖက်ထားသည့်လက်ကို ရုတ်တရက် လွှတ်ရမှာ နှမျောသလိုတောင် ဖြစ်သွားရသည် ။

အဲ့ အမြှောင်းကြီးတွေက ကိုင်လို့ ကောင်းတယ်လေ ။
ဘယ်သူမဆို သူ့နေရာမှာဆိုရင် ဆက်ကိုင်ထားချင်မှာပဲ မဟုတ်လား ။
ဒါ သူ့အပြစ် မဟုတ်ပါဘူးနော် ။

" ဘာလဲ... ကိုယ့် ခါးကို ဖက်ထားရတာ မဝသေးလို့လား... "

ကိုထင်လင်း က သူ့စိတ်ထဲကို ဘယ်လိုများ ထိုးဖောက်ပြီး သိလိုက်ရပြန်တာလဲ ဟု လင်းမာန်ခ တွေးလိုက်ရသည် ။

" ဟုတ်စရာလား... ဖက်တော့ကော ဘာများ ကောင်းနေတာ မို့လို့လဲ... "

သူ အမြင်ကပ်စွာ ပြန်ပြောလိုက်တော့ ကိုထင်လင်း က ရယ်နေပြန်သည် ။
ဘာမှ ရယ်စရာ မပါလည်း ခဏခဏ ရယ်နေသော ကိုထင်လင်းကို လူမိုက်အဖွဲ့ ခေါင်းဆောင်ဟု တစ်ယောက်ယောက်ကသာ လာပြောပြသည်ဆိုပါက သူ ယုံကြည်ဖို့ အတော် ခက်ခဲလောက်မည် ။

သူနှင့် ကိုထင်လင်း က အင်္ကျီ ဒီဇိုင်း ဆင်တူ ဝတ်ထားပြီး သူကလည်း ကိုထင်လင်း ခါးကို ဖက်ပြီး လာသည်မို့ ​ဖြတ်သွားဖြတ်လာတွေက သူတို့နှစ်ယောက်ကို စိတ်ဝင်တစား လှမ်းအကဲခတ်ကြသည်ကို လင်းမာန်ခ ခံစားမိသည် ။
သို့သော် ကိုထင်လင်း က ဘာမှ ဂရုစိုက်ပုံမပေါ် ။

လူတွေက ခိုးကြောင်ခိုးဝှက် သာ ကြည့်ရဲကြပြီး ကိုထင်လင်း ကို ကြောက်သောကြောင့် ပေါ်တင်တော့ မကြည့်ရဲကြပေ ။
သို့သော် လင်းမာန်ခ က ပတ်ဝန်းကျင်ကို နည်းနည်း ဂရုစိုက်တတ်သည်မို့ နေရထိုင်ရ ခက်နေမိလေသည် ။

" ဟဲဟဲ... နှစ်ယောက်ထဲ လာလည်ကြတာပေါ့... ဟုတ်လား... "

မြတ်မင်းခန့် က ဆိုင်ကယ်တိုကင် ပေးသည့်အလုပ်ကို လုပ်ရင်း လင်းမာန်ခ တို့ နှစ်ယောက်ကို မြင်သည်နှင့် အနားရောက်လာလေသည် ။

" အော်... ဟိုနေ့က အစ်ကို... "

" ဟုတ်တယ်ဗျ... ကျွန်တော့်နာမည်က မြတ်မင်းခန့် ပါ... "

အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ် Where stories live. Discover now