အခန်း (၁၇)

1K 112 17
                                    

အခန်း (၁၇)

ကျော်ထွဋ်ခေါင် ကိုယ်တိုင်က သိချင်သည် ပြောလာသောကြောင့် ထွန်းမာန်ဆင့် တစ်ယောက် ခုနကလောက် စိတ်ပျက်လက်ပျက် ဖြစ်မနေတော့ ။
ရှင်းပြဖို့ အတွက် သူ စိတ်ပါလာပြီ ဖြစ်သည် ။

" မင်းက မင်းပြောချင်တာတွေပဲ စွတ်ပြောနေတာကိုး ထွဋ်ခေါင်ရ... "

အမယ်... သူ့ဖေဖေကလည်း မျက်နှာကို စူပုပ်ပြီး အဲ့လို စကားမျိုး ဦးကျော်ထွဋ်ခေါင် ကို ပြောတတ်သားပဲ ။
မသိလို့ရှိရင် uke လေး ကျနေတာပဲဟု တွေးမိပြီးမှ လင်းမာန်ခ သူ့ဖေဖေကို စိတ်ထဲက ပြန်တောင်းပန်လိုက်ရသည် ။

" အမှန်တော့ အဲ့နေ့က ချော်လဲကျသွားတော့ နှင်းယမုံရဲ့ လည်ပင်းက အဲ့ဆွဲကြိုးနဲ့ ရှသွားတာ... အဲ့တာကြောင့် လည်ပင်းက ရှတဲ့ ဒဏ်ရာကို ဆေးဖို့ နှင်းယမုံက ဆွဲကြိုးကို ချွတ်လိုက်ရတာ... "

​သြော်... သူ့မေမေခမျာ ရှသည့် ကံဇာတာနှင့် မွေးဖွားလာသလား ဟုပင် လင်းမာန်ခ တွေးလိုက်မိသည် ။
လူနဲ့ ရှတာ အားမရလို့ ဆွဲကြိုးနဲ့တောင် ရှရရှာတယ်လို့... ။

" အဲ့တာနဲ့ မင်းဆွဲထားတာနဲ့ ဘာဆိုင်လို့လဲ... "

" ငါ ရှင်းပြတာကို ပြီးအောင် နားထောင်ဦးလေကွာ... နှင်းယမုံ ရဲ့ ဒဏ်ရာကြောင့် သူက ဆွဲကြိုးကို ပြန် ဝတ်လို့  မရဘူး ဖြစ်သွားတယ်... အဲ့တာကြောင့် သူက ထွန်းမောင် ကို ခဏယူထားပေးပါဆိုပြီး ပေးထားတာ... အဲ့တာကို ဟိုကောင် ထွန်းမောင်က စနောက်ပြီး အဲ့ဆွဲကြိုးကို ငါ့လည်ပင်းမှာ လာစွပ်ပေးသွားတာ... "

" သြော်... မင်းက ထွန်းမောင် မင်းကို ဆွဲကြိုး လာဆွဲပေးတာကို မငြင်းဘဲ ထွန်းမောင်လုပ်ပေးသမျှကို သာယာနေတာပေါ့... ဟုတ်လား... "

လင်းမာန်ခတစ်ယောက် သဝန်တိုကာ ချဥ်စူးနေသော ဦးကျော်ထွဋ်ခေါင် ၏ ပုံစံကို ကြည့်ပြီး ခွိကနဲ တစ်ချက် ရယ်မိသွားသည် ။
သူ့ဖေဖေက သူ့ကို ဝါးစားတော့မည့်ပုံနှင့် ကြည့်လာသည် ။
ဖေဖေရေ... သားအဖချင်းတွေလေ... အဲ့လောက် ရန်မလိုလို့ မရဘူးလားဟင်... ။

" ဟိုအရူးကောင်... မင်း ဘာမှ ဝင်ရယ်မနေနဲ့... ထွဋ်ခေါင်... ငါ ရှင်းပြပါ့မယ်ကွာ... ထွန်းမောင်က သူ့ကင်မရာ ခဏလွယ်ပေးထားပါဆိုပြီး ငါ့ကို ကင်မရာ စွပ်ပေးသလိုလိုနဲ့ ဆွဲကြိုးကို ရုတ်တရက် ဆွဲပေးသွားတာ... ငါတောင် သတိမထားမိလိုက်ဘူး... "

အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ် Where stories live. Discover now