အခန်း (၂၂)

1K 110 32
                                    

အခန်း (၂၂)

" အဲ့တာဆို ကျွန်တော့်ကို ခေါက်ဆွဲဆိုင်ကို ကိုကျော်ထိုက် ပို့ပေးမှာ မဟုတ်လားဟင်... "

သူပြောလိုက်တော့ ကိုကျော်ထိုက် က သူ့ကို ရယ်ကျဲကျဲ လုပ်ပြလာသည် ။

" မင်း ငါ့ကို ခဏစောင့်ပေးလို့ ရမလား... ငါ နှင်းယမုံ ကို အရင်လိုက်ပို့ပေးချင်လို့... သူ့ကို ပို့ပေးပြီးရင် မင်းကို ပြန်လာခေါ်မယ်လေ... ရတယ်မလား...  "

ကိုကျော်ထိုက် က သူ့မေမေကို လိုက်ပို့ပေးမည် ဆိုပါလား ။
ခုနကတောင် ပါးချခံလာရမလို ဖြစ်လာတာ မဟုတ်လား ။
ရုတ်တရက်ကြီး ပြန်အဆင်ပြေသွားတာလား ။
သူက မေးခွန်းထုတ်သည့် အကြည့်ဖြင့် ကြည့်လိုက်တော့ ကိုကျော်ထိုက် က သူ့ကို ရယ်ရင်း ရှင်းပြလာသည် ။

" ခုနက သူ လဲကျမလို ဖြစ်သွားတော့ ငါ သွားကူညီလိုက်တာ... ကျေးဇူးတင်စကားတော့ အပြောမခံရပါဘူး... ဒါပေမယ့် ခုနတုန်းကလောက်တော့ ခါးခါးသီးသီး ငါ့အပေါ်မှာ မဖြစ်တော့ဘူး... အဲ့တာနဲ့ ငါလည်း အိမ်လိုက်ပို့ပေးဖို့ ခွင့်တောင်းလိုက်တာ... "

" အဲ့တော့ မနှင်းယမုံ က လက်ခံလိုက်ကောလား  ... "

" လွယ်လွယ်တော့ ဘယ်လက်ခံပါ့မလဲကွာ... ငါ့မှာ ပို့ပေးဖို့ကို အာပေါက်မတက် ပြောတော့မှ သူ့သူငယ်ချင်း ကို ပြန်ခိုင်းလိုက်ပြီး ငါ့ကို ပြန်ပို့ခွင့်ပေးလာတာ  ... "

ကိုကျော်ထိုက်၏ မျက်နှာက ကြည်လင်နေပြီး ပြုံးရိပ်သမ်းနေသည် ။
ဒါ လူတွေပြောပြောနေတဲ့ falling in love ဖြစ်သွားတဲ့ မျက်နှာ ဆိုတာမျိုး နေမယ်ဟု သူ တွေးမိလိုက်သည် ။

" ရတယ်... ကိစ္စမရှိပါဘူး... မနှင်းယမုံ ကို အရင် သွားပို့လိုက်... ကျွန်တော် ဒီမှာ စောင့်နေလိုက်မယ်... "

" ဟေ့... လင်းမာန်ခ... မပြန်သေးဘူးလား... "

အနောက်က သူ့ပုခုံးကို ပုတ်ကာ ခေါ်လာသောကြောင့် သူ လှည့်ကြည့်လိုက်တော့ မြတ်မင်းခန့် ကို တွေ့လိုက်ရသည် ။
မြတ်မင်းခန့် က သူ့နဘေးတွင် ကိုထင်လင်း ရှိမရှိ ရှာနေသည် ။
ကိုကျော်ထိုက် ကလည်း မြတ်မင်းခန့် ကို ဘာကောင်လဲ ဟူသော အကြည့်ဖြင့် ကြည့်နေသည် ။

အချိန်ခရီးသွားပြီး အဖေ့ကို လင်ပေးစားမယ် Where stories live. Discover now