စကြဝဠာ ။

337 34 10
                                    

အခန်း (၆)

"မင်းမျက်လုံးထဲမှာ မင်းမြင်နေတဲ့အရာဟာ မင်းရဲ့စကြဝဠာ"

🪐

နေရောင်ခြည်လျလျက သူ့မျက်ဝန်းနက်တွေပေါ် ခပ်ဖွဖွလျှောက်တော့ ရိုဆန့်နှလုံးသားလေး အဆက်မပြတ် အလုပ်လုပ်ရသည် ။ စာအုပ်ဖတ်ရင် အဲဒီနှုတ်ခမ်းသေးသေးလေးတွေ လှုပ်ရွနေတတ်တာက ရိုဆန့်ကမ္ဘာရဲ့ ချောက်နက်နက်ကလေး ဖြစ်ရမည် ။ ဟန်နီ ၊ ဟန်နီက သူ့ရဲ့အရာအားလုံး ဖြစ်သည် ။

"ဟန်နီ"

"ရှင်"

"ဆိုရိုးတစ်ခုရှိတယ် သိသလား"

"ပြောပါဦး"

"မင်းမျက်လုံးထဲမှာ မင်းမြင်နေတဲ့အရာဟာ မင်းရဲ့စကြဝဠာပဲတဲ့"

သူက သူ့လက်ထဲက ဖတ်လက်စ စာအုပ်ကို ဘေးသို့ချလိုက်ကာ ရိုဆန့်မျက်နှာတစ်ဝိုက် သူ့လက်တို့ကို ပြေးလွှားဆော့ကစားလာသည် ။ ကုန်းမို့မို့က သစ်ပင်အောက်တွင် ထိုင်နေကြသည်မို့ နေရောင်ခြည်ကောင်းစွာရနေသည် ။ ဒီအခိုက်အတန့်ဟာ ရိုဆန့်အတွက် စကြဝဠာပင် ဖြစ်လိမ့်မည် ။

"ကျွန်မတော့ မကြားဖူးပေါင် ။ ဘယ်သူက ပြောတာလဲရှင်"

"ကိုယ် ပြောတာလေ"

သဘောတကျရယ်လိုက်တော့ ဝက်ဝံပေါက်လေးသဖွယ် အသွင်ပြောင်း၏ ။ ဟန်နီက အညိုရောင်ဝက်ဝံလေးများလား ။ သူ့ရဲ့ အညိုရောင်အကောင်လေးများလား ။

"ကိုယ် ရှင်းပြမယ် ၊ အဲဒီစကားကို"

"အမ်ဟမ်"

"ဂျိန်း ပန်းချီဆွဲရတာ သဘောကျတယ်မဟုတ်လား"

"အင်း"

"ဒါဆို ဂျိန်းမြင်နေရတဲ့ စကြဝဠာဟာ အရောင်တွေပဲ ဖြစ်လိမ့်မယ် ။ ဂျိန်းက အရာရာကို အရောင်တွေနဲ့ ကြည့်လိမ့်မယ် ၊ ပန်းချီကားတစ်ချပ်အဖြစ် ကြည့်လိမ့်မယ် ။ ဟုတ်တယ်မဟုတ်လား"

"ဒါလင် ဘယ်လိုသိ"

"ကိုယ် ပြောပါတယ် ။ ကိုယ်တို့ မြင်နေရတဲ့အရာတွေဟာ ကိုယ်တို့ရဲ့ စကြဝဠာပဲလို့ ။ ကိုယ်ဆိုရင် ငယ်ငယ်က ဘာကိုမှ ရေရေရာရာ မမြင်ရတဲ့ အ‌ချိန်တွေ ရှိခဲ့တယ် ။ ရည်မှန်းချက်ပျောက်နေတဲ့ လူငယ်လေးတစ်ယောက် ဖြစ်ခဲ့ဖူးတာပေါ့ ။ ဒါပေမဲ့ ကိုယ့်သူငယ်ချင်းတစ်ယောက်ရှိတယ် သိသလား ။ သူက စာတော်တဲ့ကောင် ။ အခုတော့ လန်ဒန်က စစ်ဘက်ဆိုင်ရာနည်းပညာ တက္ကသိုလ်မှာ ‌ပါမောက္ခဖြစ်နေပါပြီ ။ ကိုယ် သူ့ကို တစ်ခါက မေးကြည့်ဖူးတယ် ။ မင်း နေ့တိုင်း သင်္ချာတွေတွက်နေရတာ မငြီးငွေ့ဘူးလား‌ပေါ့ ။ သူက ဘာပြန်ပြောသလဲ သိလား"

Better Than ArtWhere stories live. Discover now