Episode -1

567 42 0
                                    

နေရောင်ခြည်အောက်မှာ ပြေးလွှားပြုံးပျော်ပြီး ဘတ်စကတ်ဘောကစားနေတဲ့ကျောင်းသားတွေကို
ကျန်းဟောင့် ပြတင်းပေါက်ကနေ ငေးကြည့်နေမိသည်။ကျောင်းသားတွေကိုကြည့်နေတယ်ဆိုတာထက်တကယ်တော့ကျောင်းသားတစ်ယောက်တည်းကိုသူ့အာရုံစိုက်မှုတွေအကုန်ပေးထားမိခြင်းဖြစ်သည်။ ရယ်လိုက်ရင်ပါးပေါ်မှာကြောင်နှုတ်ခမ်းမွှေး
လိုမျိုးလေးတွေပေါ်လာသော ထိုလူသားရဲ့အပြုံးသည်နေရောင်ခြည်ထက်ပင် ပိုပြီးတော့တောင် တောက်ပနေသေးသည်။
ဆောင်းဟန်ဘင်း...ကျန်းဟောင့်အမြဲငေးကြည့်နေခဲ့ရတဲ့ကြယ်လေး။သူကတော့သိမှာမဟုတ်ပေမဲ့ ကျန်းဟောင့်ကတော့သူ့ကိုပျော်ရွှင်စေတဲ့ဆောင်းဟန်ဘင်းအပြုံးတွေကိုငေးကြည့်နေခဲ့ရတာနှစ်နှစ်တောင်ကျော်လောက်ပြီထင်သည်။တက္ကသိုလ် ပထမနှစ်ကတည်းကနေ
အခုတတိယနှစ်အထိငေးကြည့်လာခဲ့ရတာ။‌ နီးစပ်ဖို့မကြိုးစားပါဘူးငေးကြည့်ရုံနဲ့တင်သူ့အတွက်တော့လုံလောက်ပါသည်။

"ကျန်းဟာအို ဆရာခေါ်နေတယ် ရုံးခန်းကိုလာခဲ့ပါတဲ့"

ငေးနေရင်း သူ့ကိုလာခေါ်သည့်အသံကြားလို့ ပြတင်းပေါက်မှအကြည့်ခွာကာ အသံလာရာသို့လှည့်ကြည့်မိသည်။ အတန်းခေါင်းဆောင်က ဆရာခေါ်ခိုင်းလိုက်တဲ့အကြောင်း လာပြောနေခြင်း။ လာခေါ်သည့်အကြောင်းအရင်းကိုသိပြီးနောက် အတန်းခေါင်းဆောင်ကိုခေါင်းငြိမ့်ပြကာ ထိုင်ခုံမှထ၍ ခြေလှမ်းများကို ရုံးခန်းကိုဦးတည်လိုက်သည်။လှုပ်ရှားသွားသည့်အမူအယာတစ်ခုချင်းစီသည် တကယ်ကိုနူးနူးညံ့ညံ့လေးအသံကျယ်ကျယ်တစ်သံမထွက်
တမင်သက်သက်လုပ်ယူနေတာမျိုးမဟုတ်ဘဲ ကျန်းဟောင့်ရဲ့နဂိုအကျင့်လေးကိုကနူးနူးညံ့ညံ့လေး
ဖြစ်နေခြင်း ။

"ကျန်းဟာအို က တကယ်ချောတာဟယ် စာကလည်းတော်သေး အိမ်ကလည်း အရမ်းချမ်းသာတာကို သူ့မှာ အဲ့ချွတ်ယွင်းချက်လေးသာရှိမနေရင် လုံးဝ perfect ပဲ"

"သူ့လိုလူမျိုးမှာချွတ်ယွင်းချက်ရှိသေးတာလား"

"အာ ဟုတ်သား နင်ကဒီနှစ်မှပြောင်းလာတာဆိုတော့ဘယ်သိပါ့မလဲ
ကျန်းဟာအိုက စကားမပြောနိုင်ဘူးလေ"

I fell for himWhere stories live. Discover now