Episode -3

291 36 0
                                    

နေရောင်ခြည်နုနုက ပြတင်းပေါက်မှတစ်ဆင့်ဖြတ်ပြီး ကုတင်ပေါ်ရှိ အိပ်ယာခင်းအဖြူစောင်အဖြူတွေကြားမှာ မြုပ်နေတဲ့ အဖြူရောင်ဖြစ်တည်မှုလေးထံသို့ ကျရောက်လာ၍ထင် ထိုလူသားလေးက မျက်မှောင်လေးတွေကြုတ်လာသည်။စက္ကန့်လက်တံတစ်ပတ်ပြည့်ပြီးကြာချိန်လောက်မှာတော့ ထိုလူသားလေး၏ မျက်တောင်လေးတွေလှုပ်ခတ်လာကာ အမြင်အာရုံကို နေရောင်ခြည်နုနုနှင့် တိုက်ရိုက်ထိတွေ့စေတော့၏။

ဟာအို နိုးလာလာချင်းအချိန်ကိုကြည့်လိုက်တော့ မနက် ၆နာရီ ထိုးဖို့ ငါးမိနစ်အလို...၆နာရီ နှိုးစက်ပေးထားတဲ့ နာရီကို နှိုးစက်သံမမြည်ခင် အရင်ပိတ်လိုက်သည်။ခဏလောက်အကြောဆန့်ကာ ထပြီး တစ်နေ့တာကိုစတင်ဖို့ပြင်ဆင်တော့၏။ရေချိုးခန်းသို့သွားပြီး မနက်ခင်း ပြုလုပ်နေကျ ကိစ္စအဝဝကိုပြုလုပ်ပြီး ရေပါတစ်ခါတည်းချိုးလိုက်သည်။ပြီးတာနဲ့ ဗီရိုထဲမှ အဖြူရောင်ဆွယ်တာ နှင့် ဂျင်းဘောင်းဘီအဖြူပွပွလေးထုတ်ဝတ်လိုက်ပြီးမှန်ရှေ့၌သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်ဆင်ပြီးနောက် ကျောင်းသွားရန် အောက်ထပ်ကိုဆင်းလာခဲ့တော့သည်။အောက်ရောက်တော့ အဘိုးနှင့်အဘွားက ထမင်းစားပွဲဝိုင်း၌ထိုင်နေ၍ အနားသို့လျှောက်သွားလိုက်သည်။

"ဟောင့်ဟောင့် မနက်စာတစ်ခါတည်းဝင်စားလိုက်တော့"

ကျန်းဟောင့်ခေါင်းငြိမ့်ပြလိုက်ကာ ပြင်ပေးထားတဲ့နံနက်စာကိုဝင်စားလိုက်သည်။စားပြီးသောအခါ နာရီကိုကြည့်လိုက်တော့ ရှစ်နာရီထိုးနေပြီ။ဒီလောက်ဆို သူကျောင်းကိုအေးအေးဆေးဆေးနှင့်သွားလို့ရသည့်ပင်။လူကြီးတွေကိုနှုတ်ဆက်ပြီးကျောင်းသွားရန်
ထွက်လာခဲ့လိုက်သည်။
အချိန်ရ၍ ဘတ်စ်ကားမှတ်တိုင်သို့ အေးအေးဆေးဆေးလမ်းလျှောက်သွားနေမိသည်...top 10 စာရင်းဝင် သူဌေးကြီးတွေရဲ့မြေးက ကျောင်းကို ဘတ်စ်ကားစီးသွားတာလားမေးရင် အရင်တုန်းကတော့ အိမ်က ဒရိုင်ဘာ နှင့်အကြိုအပို့လုပ်ပေးသည်ပင် ဟာအိုကသာ စိတ်ကျဥ်းကျပ်သောကြောင့် ဘတ်စ်ကားနဲ့သာလွတ်လွတ်လပ်လပ်သွားမည်ဟု ဆုံးဖြတ်ခဲ့ခြင်း...
ဘတ်စ်ကားနှင့်သွားလျှင်တစ်ခါတလေ ကျောင်းကိုစက်ဘီးနဲ့မသွားဘဲ ဘတ်စ်နှင့်သွားတတ်သည့် ဆောင်းဟန်ဘင်းနှင့်လည်း ဆုံတတ်သည်။

I fell for himWhere stories live. Discover now