Episode-2

315 32 4
                                    

                        

ကျန်းဟောင့်အိပ်ရာကနိုးလာတော့ ညနေ ၆နာရီပင်ရှိနေပြီဖြစ်သည်။အိပ်ရာနိုးနိုးချင်းမို့ လန်းသွားအောင် မျက်နှာသစ်ပြီး ညစာစားဖို့ အောက်ထပ်ကိုဆင်းလာလိုက်သည်။

"ဟောင့်ဟောင့်နိုးပြီလား မဟုတ်တောင် အခုတင်လာနိုးတော့မလို့ ညစာစားတော့မလား"

ဘွားဘွားကမေးလာ၍ စားတော့မည်ဖြစ်ကြောင်း ကျန်းဟောင့် ခေါင်းငြိမ့်ပြလိုက်သည်။

"ညစာစားဖို့ကအကုန်ပြင်ထားပြီးပြီ နေအုံးနော် မြေး ကျန်းအဘိုးကြီးကိုသွားခေါ်လိုက်အုံးမယ် ကလေးတောင်အိပ်ရာကနိုးလို့ ထလာပြီကိုသူကဘာတွေလုပ်နေမှန်းမသိ တကယ်..."

"လာပါပြီကွာ အလုပ်ကိစ္စလေးတွေအပြတ်ဖြတ်နေလို့ပါ အသက်လည်းကြီးပြီကို စိတ်ဆတ်တာလေးနည်းနည်းပါးပါးလျှော့ပါအုံးကွာ"

"အို...ရှင်ကကြာနေတာကို ဟောင့်ဟောင့်က ဗိုက်ဆာနေရော့မယ် ကလေးကနေ့လည်စာလည်းကျောင်းမှာဟုတ်တိပတ်တိစားလာမှာမဟုတ်ဘူး ဟောင့်ဟောင့်အကြောင်းမသိတာလည်းမဟုတ်"

"သိပါတယ်ကွာ လာလာ ညစာစားကြမယ်"

ကျန်းဟောင့် ထမင်းစားပွဲ မှာထိုင်နေရင်း ဘိုးဘိုးနဲ့ဘွားဘွားကျီစယ်နေသည်ကိုကြည့်ကာ ပြုံးလိုက်မိ၏။သူ့ကိုပြုံးအောင်လုပ်နိုင်တဲ့သူက သူ့ဘိုးဘိုးနဲ့ဘွားဘွားရယ် ဆောင်းဟန်ဘင်းရယ်သာရှိသည်။အဘိုးနဲ့အဘွားကတအားချစ်ကြကာ  အခုထိလည်းသန်မာဖျတ်လတ်နေတုန်း ကျန်းဟောင့်မိဘတွေမရှိတော့တဲ့နောက်ပိုင်း သူတို့ကသာ ကျန်းဟောင့်ကို ဒီအရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ပေးခြင်းဖြစ်သည်။ကျန်းဟောင့်မိဘတွေက ကျန်းဟောင့်ငယ်စဥ်မှာပင်ဆုံးပါးသွား၍ အဘိုးနဲ့အဘွားက ကျန်းဟောင့်အတွက်တော့ မိဘတွေလိုပင်။

"ဟောင့်ဟောင့် များများစားနော် ဒါမှစာလုပ်ဖို့အားရှိမှာ ဟောင့်ဟောင့်ကြိုက်တာတွေချည်းပဲချက်ပေးထားတာ "

ဂျောင်မင်ဟီးပြောရင်း သူ(မ)မြေးလေးကိုကြည့်မိသည်။ဒီကလေးက အပြင်မှာသာ ရေခဲရိုက်ထားသလိုအေးစက်နေပေမယ့် ဘယ်လောက်ထိ စိတ်ဒဏ်ရာတွေ များနေလည်းဆိုတာသူ(မ)အသိဆုံး ငယ်ငယ်လေးနဲ့ စိတ်ဒဏ်ရာကြီးကြီးမားမားကြီးကိုရခဲ့တာ ပြန်တွေးတိုင်း ဟောင်ဟောင့်ကိုအားနားရသလို အကြင်နာပိုရသည်။

I fell for himWhere stories live. Discover now