Episode-5

352 41 4
                                    


"အင့်"

ကျန်းဟောင့် ထောင့်ချိုးကိုအကွေ့ တစ်ဖက်ကထွက်လာတဲ့သူနဲ့တိုက်မိတော့သည်...ကွေ့လာတဲ့သူကအမြန်ပြေးလာတာမို့ တိုက်မိတာကအရှိန်ပြင်းသည်။ကျန်းဟောင့်က နံရံဘက်ကပ်လျှောက်နေ၍ ဟိုဘက်နဲ့တိုက်မိတဲ့အချိန်ပြန်ယိုင်တော့ လက်မောင်းကဆစ်ခနဲ...နံရံပေါ်ကတစ်ခုခုနဲ့ခြစ်မိတယ်ထင်လို့ ကြည့်လိုက်တော့ နံရံမှာ ထိုးထွက်နေတဲ့သံတစ်ချောင်း။ ဘာလဲ ဒီလောက်သံကြီးတစ်ချောင်းလုံးထွက်နေတာကို ဒီအဆောင်ကလူတွေတစ်ယောက်‌မှမသိကြဘူးလားမသိ...
ဒီလောက်အန္တရာယ်များတာကို။

ဟိုဘက်ကတိုက်မိတဲ့ကောင်လေးကလည်း သူ့အရှိန်နဲ့သူမြန်မြန်ပြေးလာနေရာကနေ ရုတ်တရက် ကျန်းဟောင့်ပေါ်လာတော့ လန့်ပြီး အရှိန်ပြန်ထိန်းပေမယ့် ထိန်းလို့မရလိုက်ပုံပေ။ထိုကောင်လေးကလည်း ကျန်းဟောင့်နဲ့တိုက်မိပြီးဖင်ထိုင်ရက်ပြုတ်ကျကာ အင့် ဟုပင် အာမေဍိတ်သံထွက်လာသေးသည်။ထိုကောင်လေးကိုင်လာတဲ့စာအုပ်တွေက လမ်းပေါ်ပြန့်ကျဲကုန်တော့ ကျန်းဟောင့်ပါဝိုင်းကူကောက်ပေးလိုက်သည်။

"စာအုပ်တွေကူကောက်ပေးလို့ကျေးဇူးပါနော် ဟျောင်း ပြီးတော့တောင်းလည်း ‌တောင်းပန်ပါတယ်နော် ကျွန်တော်လည်းအရေးကြီးနေလို့ ‌လောလောနဲ့ပြေးလာလိုက်မိတာ အဲ့ဘက်ခြမ်းက ထွက်လာမယ်လို့မထင်လိုက်မိလို့ "

ကောင်လေးရဲ့စာအုပ်တွေကူကောက်ပေးပြီးတော့ ထိုကောင်လေးကကျေးဇူးတင်စကားပြောရင်း တောင်းပန်ကြောင်းပါဆိုလာတော့ ကျန်းဟောင့်ရတယ်ဟူသော သဘောဖြင့် ခေါင်းသာငြိမ့်ပြလိုက်သည်။

"ဟိုလေ ဟျောင်း ကူညီလက်စနဲ့တစ်ခုလောက်ထပ်ကူညီပါလားဗျ ပထမနှစ်တွေအဆောင်ကဘယ်မှာလဲဟင် ကျွန်တော်လိုက်ရှာနေတာမလို့"

ကျန်းဟောင့်ကိုမေးလာ၍စာရေးကာပြန်ပြောလိုက်သည်။

'ပထမနှစ်?မဟုတ်မှ ကျောင်းသားသစ်လား?'

"ဟုတ်တယ်ဗျ ကျွန်တော့်နာမည်ဟန်ယူဂျင်းပါ ဒီနေ့မှ ကျောင်းစတက်ဖြစ်တာမို့ "

ယူဂျင်းရှေ့ကထောင်ပြလာတဲ့စာအုပ်ကိုကြည့်ကာ ခဏကြောင်နေပြီးမှ မြန်မြန်ပြန်ဖြေလိုက်မိတယ်။ထို ဟျောင်း က စကားပြောရာမှာ အခက်အခဲတစ်ခုခုရှိတဲ့ပုံပဲ နားမကြားနိုင်လို့ စကားမပြောနိုင်တာမျိုးတော့ဟုတ်ပုံမရ...သူမေးတာကိုကြားလို့ပြန်ပြောတာဆိုတော့။ စာအုပ်ကူကောက်ပေးနေတုန်းက ထိုဟျောင်းမျက်နှာကို မြင်မြင်ချင်း တအားတအားကိုမှ ချောလိုက်တာလို့တွေးနေတော့ စကားမပြောနိုင်ဘူးဆိုတာက တကယ်ကိုမထင်ထားတာမို့ ယူဂျင်းတော်တော်ကိုအံ့ဩနေမိသည်။

I fell for himWhere stories live. Discover now