Episode-6

258 33 0
                                    


"ဟာအိုဟျောင်း"

ကျန်းဟောင့် အသံလာရာကိုကြည့်လိုက်တော့ မနက်ကတွေ့ခဲ့တဲ့ ဟန်ယူဂျင်းကအတန်းရှေ့ကနေ လှမ်းခေါ်နေခြင်း...
နေ့လည်တစ်ဖြတ်နားပြီး ထမင်းစားချိန်ရောက်ပြီမို့ အခန်းထဲ၌လူအနည်းငယ်သာရှိသည် တော်တော်များများကနေ့လည်စာသွားစားကြပြီ။

ကျန်းဟောင့်လည်း အတန်းရှေ့ကိုထွက်ခဲ့လိုက်တော့

"ဟျောင်း ကျွန်တော် ဟျောင်းကိုမနက်ကကိစ္စကျေးဇူးတင်လို့ထမင်းလိုက်ကျွေးမယ်ပြောထားတာလေ အဲ့ဒါ အခုလာခေါ်တာ"

'အင်း '

"ဒါနဲ့ကျွန်တော့်ကို canteen ကိုလမ်းပြဦးနော် ကျွန်တော်မသိသေးလို့ ဟီး..."

'ဘယ် canteen သွားမလဲ'

"canteen ကဘယ်နှစ်ခုရှိလို့လဲဟင်"

'နှစ်ခုရှိတာ တစ်ခုကကျောင်းကကျွေးတဲ့canteen နောက်တစ်ခုက ကိုယ့်ဘာသာဝယ်စားရတဲ့canteen '

"ဘယ်မှာပိုစားလို့ကောင်းလဲ ဟျောင်း"

'ကျောင်းကကျွေးတာကျ အရသာတော့ရှိပေမယ့် ကိုယ်စားချင်တာ ရွေးစားလို့မရဘူးအဲ့ကဟင်းမကြိုက်ရင်နောက်တစ်ခုမှာကိုယ်စားချင်တာဝယ်စားကြတာ အဲ့မှာတော့စားတဲ့ကျောင်းသားပိုများတယ်'

"ဟျောင်းကော ဘယ်မှာစားဖြစ်လဲ"

'ကျောင်းcanteenမှာပဲစားတာ လူရှုပ်တဲ့နေရာတွေမကြိုက်လို့'

ကျန်းဟောင့်က ဆက်ဆံရေးလုပ်ရတာတွေမှာ အဆင်မပြေတဲ့အပြင် ဆူညံတဲ့နေရာတွေဆိုနေလို့အဆင်မပြေတာကြောင့်လူမရှုပ်တဲ့နေရာတွေကိုပိုသဘောကျ၏...
အဲ့တာကြောင့်လည်း သူငယ်ချင်းအပေါင်းအသင်းမရှိတာဖြစ်မည်။

"ဒီနေ့ကျွန်တော်ကဝယ်ကျွေးမယ်လို့ပြောထားတာဆိုတော့ ဝယ်စားရအောင်ဟျောင်း အဆင်ပြေတယ်မလားဟင်"

'အင်း'

ကျန်းဟောင့် လူရှုပ်တဲ့နေရာတွေ မသွားချင်ပေမယ့် ယူဂျင်းကဝယ်ကျွေးဖို့တအားစိတ်ထက်သန်နေတဲ့ပုံပေါ်လို့ သဘောတူလိုက်၏။

ယူဂျင်းကတကယ်ခင်ဖို့ကောင်းပါသည်သူ့ကိုလည်းတကယ်ခင်ချင်နေသည့်ပုံ ကျန်းဟောင့်နဲ့ပြောနေရင်း စကားစပြတ်မည်စိုး၍
ယူဂျင်းက တစ်ခုခုပြောပြီးတာနဲ့နောက်တစ်ခုကို
စပြီးနေပြီ ပြောရင်းနဲ့ သူငယ်ငယ်တုန်းကအကြောင်းတွေပါပြောပြလာသည်။

You've reached the end of published parts.

⏰ Last updated: Apr 15 ⏰

Add this story to your Library to get notified about new parts!

I fell for himWhere stories live. Discover now