Episode-4

278 44 0
                                    

ကျန်းဟောင့် ဆောင်းဟန်ဘင်းနဲ့စတွေ့ခဲ့ပုံကို စဥ်းစားနေမိတာ ဘယ်လောက်တောင်ကြာသွားလဲမသိ သတိပြန်ရတော့ သူဆင်းရမည့် မှတ်တိုင်ကိုပါ နှစ်မှတ်တိုင်လောက်ကျော်သွားပြီဖြစ်၍ အမြန်ဆင်းဖို့ပြင်လိုက်တော့သည်။မတတ်နိုင်ဘူး လမ်းပြန်လျှောက်ရုံပဲရှိတာပေါ့...ကိစ္စတော့မရှိ သူထွက်လာတာကစောသည်မို့ ကျောင်းတော့နောက်ကျမည်မဟုတ် ပြီးတော့ ဒီနေ့ပထမဆုံးအချိန်က ကိုယ်ပိုင်စာကြည့်ချိန်မို့ သူကနဂိုထဲက စာကြည့်တိုက်သွားပြီးစာလုပ်ဖို့စီစဥ်ထားတာပင်ဖြစ်သည်။

ကျောင်းဝင်းထဲဝင်လာတော့ လူအနည်းငယ်သာရောက်သေးသည်ဖြစ်သည်...ကျန်းဟောင့်လည်းစာကြည့်တိုက်ဘက်ကိုပဲဦးတည်လိုက်သည်။

"အိုဟိုး ဘယ်သူပါလဲလို့ ငါတို့ကျောင်းဂုဏ်ဆောင်လေးပါလား"

အသံကိုကြားတာနဲ့တင်ဘယ်သူမှန်းတန်းသိလောက်တဲ့အသံမျိုး...ကျောင်းမှာသူ့ကိုအရေးတယူ ရန်စကားပြောမယ့်သူသည် ထိုသူတစ်ယောက်သာရှိပါသည်။ကျန်းမင်ဟွား...သူ့ရဲ့ဝမ်းကွဲအစ်မ ကျောင်းမှာသူမတွေ့ချင်ဆုံးသူ၊မပတ်သက်ချင်ဆုံးသူပင်။စိတ်ညစ်လိုက်တာ ဒီနေ့ကတော့မနက်ထဲက ကံမကောင်းတာ၊ ပထမက မှတ်တိုင်ကျော်သွားတယ် ဒုတိယက ကျန်းမင်ဟွားနဲ့လာတွေ့နေရတယ်တဲ့။

"ကိုယ့်အစ်မနဲ့တွေ့နေတာကို ယဥ်ကျေးမှုအရတောင် နှုတ်မဆက်ဘူးနော် ဟောင့်ဟောင့် အာ...ဟုတ်သားပဲ စကားမပြောနိုင်ဘူးဆိုတာကိုမေ့သွားတယ် ဒါဆိုလည်း ခေါင်းညိတ်၊ပြုံးပြတာမျိုးလောက်တော့လုပ်သင့်တာပေါ့ မတွေ့ရတာကြာနေပြီကို"

ကျန်းဟောင့်သူ့ကိုပြောနေတာတွေကိုလျစ်လျူရှုပြီးတော့ထွက်သွားဖို့သာပြင်လိုက်တယ်...မနက်စောစောစီးစီးကို သူ့လိုလူမျိုးအတွက်နဲ့ စိတ်ညစ်နေရမှာမတန်လို့လေ...သူကအေးဆေးနေချင်ပေမယ့် ကျန်းမင်ဟွားကတော့နေချင်ပုံမပေါ်

"ဘာလဲ စကားမပြောနိုင်တာကနေ အခုနားပါမကြားတော့ဘူးလား "

ပြောရင်းနဲ့‌ရှေ့ကပါပိတ်ရပ်လာသည်...သူ့ရဲ့စကားစကိုသာအပြတ်မဖြတ်နိုင်ရင် ကျန်းဟောင့် ဒီနေ့စာကြည့်တိုက်သွားရမယ်လို့မထင်သောကြောင့် စကားပြန်ပြောဖို့ဆုံးဖြတ်ကာ note စာအုပ်လေးနဲ့ ဘောပင်ကိုထုတ်ကာစာရေးလိုက်တော့သည်။

I fell for himWhere stories live. Discover now