01

991 66 6
                                    


ကျွန်မတို့နှစ်ယောက်ရဲ့ ဖြစ်တည်မှုက ရန်သူတွေလည်းမဟုတ်ခဲ့သလို မိတ်ဆွေတွေလည်း မဖြစ်ခဲ့ကြပါဘူး။

ကျွန်မရဲ့ဘဝမှာလိုလေသေးမရှိ ငွေးကြေးပြည့်စုံခဲ့ပေမယ့် လူမှန်းသိတက်စအရွယ်ကတည်းက
ချစ်ခြင်းမေတ္တာနဲ့ကြီးပျင်းရမယ့်အစား မိဘနှစ်ပါးရဲ့
ရန်ပွဲတွေနဲ့ ကြီးခဲ့ရသည်။

အသက်ဆယ်နှစ်အရွယ်မှစပြီး နေ့စဉ်ရက်စက်ကြားရတဲ့ စကားလုံးတစ်ခုက
"ကွာရှင်းမယ် "ဆိုသည့် ဒယ်ဒီရဲ့အော်ဟစ်သံပင်။

"မင်းပြောတော့ ရူဘီဆယ်နှစ်အရွယ်ရောက်ရင်ကွာရှင်းပေးမယ်ဆို။ မင်းသိထားဖို့က မင်းကို ချစ်လို့ယူထားတာမဟုတ်ဘူး ။ " ဆိုသည့် အက်ကြောင်းထပ်နေတဲ့ဒယ်ဒီရဲ့ စကားသံကို
နေ့စဉ်နဲ့အမျှ ရူဘီကြားခဲ့ဖူးသည်။

ရူဘီ မာမီ့စိတ်ကို ဘယ်တော့မှနားလည်ပေးလို့မရ
ကိုယ်ကိုမချစ်တဲ့ယောင်္ကျားတစ်ယောက်ကို ဘာလို့လက်လွှတ်မပေးနိုင်လဲ ရူဘီနားမလည်ပါ။
ကိုယ့်ကိုမချစ်ဘူးလို့ ခါးခါးသီးသီးငြင်းနေတဲ့
ယောင်္ကျားတစ်ယောက်ဆီကနေ မာမီဟာ ဘာတွေမျှော်လင့်နေလဲ ရူဘီ မတွေးတတ်တော့။

နေ့တိုင်း မာမီရဲ့ ရှိုက်ငိုသံတွေ
ဒယ်ဒီရဲ့အော်ဟစ်သံတွေကြောင့်
ရူဘီအတွက်အိမ်ဆိုတာ ဘယ်တော့မှ မနွေးထွေးခဲ့။
ပြီးတော့ရူဘီဟာ ဒယ်ဒီရဲ့ အချစ်မခံရတဲ့ က‌လေးတစ်ယောက်။

ဒယ်ဒီအတွက် ရူဘီသည် မာမီဆီကနေ မချည်နှောင်ချင်လည်း ချည်နှောင်ခံခဲ့ရတဲ့ ကြိုးလေးတစ်ချောင်းမျှသာ။
ဒယ်ဒီသည် မာမီနဲ့ လက်မထပ်ချင်လည်း လပ်ထပ်ခဲ့ရတဲ့ အဓိကတရားခံက ရူဘီကြောင့်တဲ့လေ။

ဟုတ်ပါသည် ရူဘီက ဒယ်ဒီ့အတွက်တော့ မမွေးဖွားလာခင်ကတည်းက အတားအဆီးတစ်ခုဖြစ်ခဲ့ပုံပါပဲ။
ဒယ်ဒီ့ဆီမှာ လက်ထပ်ရမယ့် အချစ်ရဆုံးသူရှိခဲ့ပြီးသားတဲ့လေ။
မာမီကလည်း ဒယ်ဒီ့ကို အရမ်းချစ်ခဲ့တာလေ။
ဒါပေမယ့် မာမီနဲ့ ဒယ်ဒီရဲ့ အချစ်တွေက ထပ်တူမကျခဲ့ပါဘူး။
မာမီဟာ ဒယ်ဒီကိုတော့ ခုချိန်ထိအရမ်းချစ်မိနေတုန်းတဲ့။
တကယ်တော့ အချစ်ဟာ ဘာပါလဲ။
လူတစ်ယောက်က လူတစ်ယောက်ကိုချစ်မိသွားတယ်။
ဒါပေမယ့် အဲ့လူတစ်ယောက်က သူ့ကိုချစ်တဲ့လူတစ်ယောက်ကိုလုံးဝမချစ်ဘူးတဲ့လေ။
အချစ်ဆိုတာဘာလဲ။
ဆယ်နှစ်ကျော်ရွယ် ကလေးတစ်ယောက်အတွက်
အချစ်ဆိုတာဘာလဲမသိတော့။
လူတစ်ယောက်က ဒယ့်ဒီကို ချစ်လားလို့ မေး‌လာရင် တခြားရွယ်သူကလေးတွေလို "ဒယ့်ဒီကိုချစ်တယ်"
ဆိုပြီး ချက်ချင်းရူဘီမဖြေတတ်။
ဒယ်ဒီသည် ရူဘီ့ကို မချစ်ဘဲမုန်းနေသလို
ဒယ်ဒီကို‌ရော ရူဘီမုန်းနေသလား ရူဘီမသိ။
တကယ်တော့ ဒယ်ဒီကို မချစ်သလို မုန်းလည်းမမုန်းပါ။

just strangers with memories Where stories live. Discover now